bap-logo
Data

သေဒဏ်ချမှတ်ခံထားရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူ တစ်ဝက်ကျော်မှာ အသက် ၃၀ အောက် လူငယ်များဖြစ်

U-EerV5_IZPl1nr_qF-DO-image

လွန်ခဲ့သော ၂ နှစ် က

ဧပြီ ၁၁။

စစ်အုပ်စုက သေဒဏ်ချမှတ်ခဲ့သည့် ဒီမိုကရေစီရေး လှုပ်ရှားသူ ၃၄ ဦးအနက် တစ်ဝက်ကျော်မှာ အသက် ၃၀ အောက် လူငယ်များဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း- AAPP မှတ်တမ်းများအရ သိရသည်။

 

အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ခုနှစ် ဧပြီလ ရက်အထိ အရပ်သား ပြည်သူပေါင်း ၁၅၁ ဦးကို စစ်အုပ်စုက သေဒဏ်ချမှတ်ထားခဲ့သည်။

 

သေဒဏ်ချမှတ်ခံထားရသူများတွင် အမျိုးသမီး ၁၅ ဦးနှင့် အမျိုးသား ၁၃၆ ဦး ပါဝင်သည်။

 

ထိုသူများသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၁ ဖြင့် ၈၁ ဦး၊ ပုဒ်မ ၃၉၆ ဖြင့် ၂၀ ဦး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉ ဖြင့် ဦး၊ ပုဒ်မ ၅၄ ဖြင့် ၃၈ ဦးနှင့် ပုဒ်မစုံစမ်းဆဲ ဦး သေဒဏ် ချမှတ်ခံထားရခြင်းဖြစ်သည်ဟု AAPPက ဆိုသည်။

 

စစ်အုပ်စုနှင့် ၎င်းတို့၏ တရားခွင်များသည် ပွင့်လင်းမြင်သာမှု လုံးဝမရှိသော ကြောင့် နိုင်ငံရေးအကျဉ်းသား ၁၆ ဦး၏ သေဒဏ်ချမှတ်ခံရသော ဥပဒေ ပုဒ်မကို ယခုထိတိုင် သိရှိရခြင်း မရှိသေးဟုလည်း AAPPက ဆိုသည်။

 

စစ်အုပ်စုသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း ဒီမိုကရေစီရေး လှုပ်ရှားသူများဖြစ်သည့် ကိုကျော်မင်းယု (ခေါ်)ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို သေဒဏ်ပေး ကွပ်မျက်ခဲ့သည်။

 

ပုံစာ- ပြီးခဲ့သည့်နှစ်အတွင်း သေဒဏ်ချမှတ်ခံရသည့် ဒဂုံတက္ကသိုလ် ကျောင်းသားများနှင့်အတူ ရပ်တည်ကြောင်း ပြသသည့် လှုပ်ရှားမှု (ဓာတ်ပုံ - ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ)

 

Burma Associated Press

Military
Coup
death sentenced
Youth

Share With
bap-logo