bap-logo
Data

အာဏာသိမ်းပြီး ၂ နှစ်တာအတွင်း ကော်သူးလေ တွင် တိုက်ပွဲပေါင်း ခုနှစ်ထောင်ကျော် ဖြစ်ပွားခဲ့

pAAsKxKpgB2XSpfTp2xmL-image

လွန်ခဲ့သော ၂ နှစ် က

ဧပြီ ၅

 

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်တာအတွင်း ကေအဲန်ယူထိန်းချုပ်နယ်မြေတွင် တိုက်ပွဲပေါင်း ခုနှစ်ထောင် ကျော် (၇,၅၈၇ ကြိမ်) ဖြစ်ပွားခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး-KNUက ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

စစ်တပ်အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို KNUက ပြုစုထားခြင်း ဖြစ်သည်။

 

တိုက်ပွဲများအတွင်း ဒေသခံပြည်သူပေါင်း ၄ သိန်းနီးပါး (၃၆၅,၁၈၇ ဦးထက်မနည်း) အိုးအိမ်စွန့်ခွာခဲ့ရပြီး စစ်ကောင်စီက ဖြတ်လေးဖြတ် နည်းဗျူဟာကို အသုံးပြုကာ ဒီမိုကရေစီအရေးလှုပ်ရှားသူများသာမက ပြည်သူ များကိုပါ ဖြိုခွင်းခဲ့သည်ဟု အစီရင်ခံစာတွင် ဆိုထားသည်။

 

စစ်တပ်က ပြည်သူလူထုအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ၂၃၀ ကြိမ် တိုက်ခိုက်ခဲ့ရာ နေအိမ် ၁၈၃ လုံး ပျက်စီးခဲ့သည့်အပြင် ပြည်သူ ၂၂ ဦးခန့် အသက်ဆုံးရှုံးခဲ့ရသည်။

 

ထို့ပြင် လက်နက်ကြီး ပစ်ခတ်မှု ၇၅၈ ကြိမ် ကျူးလွန်ခဲ့ပြီး နေအိမ် ၂၂၇ လုံးပျက်စီးသွားသည့်အပြင် ပြည်သူ ၁၂၀ ဦးခန့် သေဆုံးခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

အစီရင်ခံစာတွင် ကုလသမဂ္ဂ၊ ထိုင်းနိုင်ငံ၊ အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာ အစိုးရနှင့် အဖွဲ့အစည်းများက ပိတ်ပင်တားဆီးမှုမရှိဘဲ နယ်စပ်ဖြတ်ကျော်ကာ သို့မဟုတ် နိုင်ငံတွင်း အဓိကကျသော နေရာ များမှတဆင့် အကူညီပေးရေးအဖွဲ့အစည်းများက အလိုအပ်ဆုံးဖြစ်သော နေရာများကို သွားရောက်ပံ့ပိုးခွင့် ရရေးအတွက် တိုက်တွန်းထားသည်။

 

 ဓာတ်ပုံ- KNU

Burma Associated Press

 

 

Karen
KNU
conflict
Civilian
refugee
Military
Air Attack

Share With
bap-logo