bap-logo
Data

စစ်တပ်က မတ်လအတွင်း အပြစ်မဲ့ပြည်သူ ၃၅ ဦးထက်မနည်း မီးရှို့သတ်ဖြတ်ခဲ့

3MRfLW0ZkN4fUv1OQPDRF-image

လွန်ခဲ့သော ၂ နှစ် က

ဧပြီ ၃

 

စစ်တပ်က ယခုနှစ် မတ်လအတွင်း တိုင်းနှင့်ပြည်နယ် ၁၀ ခုရှိ အပြစ်မဲ့ပြည်သူ ၃၅ ဦးထက်မနည်း မီးရှို့ သတ်ဖြတ်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ် ဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့ရှိ ယခုနှစ် မတ်လအတွင်း စစ်ကောင်စီ၏ မီးရှို့ဖျက်စီးမှု များကို မီးသတ်ဦးစီးဌာနက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် စစ်တပ်က မီးရှို့မှုပေါင်း ၁၀၂ ကြိမ် ကျူးလွန်ခဲ့ပြီး နေအိမ်ပေါင်း ၄,၃၉၂ လုံး၊ ဘာသာရေးအဆောက်အဦ ၃ လုံးနှင့် စာသင်ကျောင်း ၂ ကျောင်း မီးလောင်ပျက်စီးခဲ့သည်။

 

အထက်ပါ အချက်အလက်များသည် လွတ်လပ်သောမီဒီယာများ၊ အရပ်ဖက်အဖွဲ့စည်း ထုတ်ပြန်ချက်နှင့် ပြည်သူလူထုများ ပေးပို့ထားခြင်းမှ စိစစ်ဖော်ပြထားခြင်းဖြစ်၍ မြေပြင်တွင် စစ်ကောင်စီ၏ အကြမ်းဖက်မှု ပို၍ များပြားနိုင်သည်ဟု မီးသတ်ဦးစီးဌာနက ဆိုထားသည်။

 

Burma Associated Press

Military
Burned
house
Civilian
school

Share With
bap-logo