bap-logo
Data

နိုင်ငံခြားငွေလဲလှယ်ခွင့်လိုင်စင်ရ ကုမ္ပဏီ ၁၃ ခုကို စစ်ကောင်စီ ထပ်မံရုပ်သိမ်းပြန်

TMEBirGU_zG3GrwjAf6Dk-image

လွန်ခဲ့သော ၂ နှစ် က

ဩဂုတ် ၁၅။

 

ဗဟိုဘဏ်က ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသဖြင့် နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ခွင့်ရ ကုမ္ပဏီ ၁၃ ခု၏ လုပ်ငန်းလိုင်စင်ကို ယမန်နေ့က ရုပ်သိမ်းလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

 

ဒါ့အပြင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက နိုင်ငံခြားငွေ လဲလှယ်သည့် ကုမ္ပဏီ ၁၀ ခု၊ မတ်လအတွင်းကလည်း နိုင်ငံခြားငွေ လဲလှယ်သည့် ကုမ္ပဏီ ၂၀ ခုတို့၏ လုပ်ငန်းလိုင်စင်ကို ရုပ်သိမ်းခဲ့သေးသည်။

 

BAPက ပြုစုထားသည့်စာရင်းအရ ယခုနှစ် မတ်လမှစပြီး ဩဂုတ်လထိ စစ်ကောင်စီက နိုင်ငံခြားငွေ လဲလှယ်သည့် ကုမ္ပဏီ ၄၃ ခုတို့၏ လုပ်ငန်းလိုင်စင်ကို ရုပ်သိမ်းပြီးဖြစ်သည်။

 

 

Burma Associated Press

Foreign exchange

Share With
bap-logo