bap-logo
Data

စစ်ကောင်စီ ဗိုလ်ကြီး တစ်ဦးအပါအဝင် ၁၅ ဦး CDF-Daai ဖမ်းမိ

vuGT7Hd1J5EloF6Y9AJNS-image

လွန်ခဲ့သော တစ်နှစ် က

ဖေဖော်ဝါရီ ၁။

 

စစ်ကောင်စီရဲ့ သုံးပွင့်ဗိုလ်ကြီးအဆင့် () ဉီး၊ နှစ်ပွင့် ဗိုလ်အဆင့် () ဦးနဲ့ ထောက်လှမ်းရေးအရာရှိ (IO) တစ်ဉီးအပါအဝင် အကြပ်ရဲဘော် ၁၅ ဦးကို CDF-Daai က ဖမ်းမိခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

 

ဖမ်းမိသူတွေဟာ စစ်ကောင်စီရဲ့ တပ်မ ၁၁ - ခမရ ၂၁၇၊ ခမရ ၃၇၆၊ ခမရ ၅၃၈၊ ခမရ ၂၂၀၊ ခမရ ၂၁၉၊ ခမရ ၃၈၊ ခမရ ၅၈၇နဲ့ ခမရ ၉၀၈ တို့က ထွက်ပြေးလာသူတွေဖြစ်ပြီး ဇန်နဝါရီ ၃၀ ရက်က ဒိုင်ရ်ဒေသ အတွင်းမှာ ဖမ်းမိခဲ့တာလို့လည်း အသိပေးပါတယ်။

 

ဖမ်းမိတဲ့သူတွေထဲက ပြင်းထန်ဒဏ်ရာ ရထားသူ ဦးနဲ့ သာမန် ဒဏ်ရာ ရထားသူ ဦးကို CDF – Daaiက ဆေးကုသမှုတွေ ပြုလုပ်ပေးပြီး နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

 

CDF - Daai အနေနဲ့ ဒိုင်ရ်ဒေသတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်လို့ ရေကြောင်းကနေ သွားလာတာနဲ့ ကုန်စည်ရောင်းဝယ်မှုတွေကို ဖေဖော်ဝါရီ ရက်ကနေ ရက်အထိ လုံးဝမပြု လုပ်ကြဖို့ကိုလည်း သတိပေးထားပါတယ်။

 

ဓာတ်ပုံ- CDF - Daai

 

Burma Associated Press

SAC
troops
Arrested

Share With
bap-logo