bap-logo
International

မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ် စီးပွားရေးပါရဂူဘွဲ့ယူရန် ထောင်ထဲတွင် စာကြိုးစားနေ

QrjJEbimMe2CrL7xaIpMI-image

လွန်ခဲ့သော ၂ နှစ် က

ကွာလာလာမ်ပူ - မတ် ၉


 
လက်ရှိ 1MDB အကျင့်ပျက်ခြစားမှုနှင့်ဆက်နွှယ်သည့် ပြစ်ဒဏ်များဖြင့် ထောင်ကျခံနေရသည့် မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်သည် ကာဂျန်းအကျဉ်းထောင်တွင် အချိန်မဖြုန်းဘဲ စာကြိုးစားနေကြောင်း ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင် နာဇူရှင် အစ္စမေးလ်က ပြောကြားလိုက်သည်။


 
"နာဂျစ်ဟာ အခုဆိုရင် ထောင်ထဲမှာ ဘွဲ့လွန်အတွက် စာတွေဆက်လုပ်နေတယ်။ Kebangsaan Malaysia မှာ တက်ရော်ကနေတာပါ" ဟု ၎င်းက မလေးရှားရှိ တရုတ်ဘာသာ စကားဖြင့် ထုတ်ဝေသည့် Sin Chew Daily ကို ပြောကြားခဲ့ခြင်းဖြစ်သည်။


 
ဝန်ကြီးချုပ်ဟောင်းနာဂျစ်သည် စီးပွားရေးဆိုင်ရာ ပါရဂူဘွဲ့အတွက်လည်း စာရင်းသွင်းထားကြောင်း Malaysiakini သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။


 
"ကာဂျန်းထောင်ထဲလေ့လာပြီး မဟာဘွဲ့နဲ့ ပါရဂူဘွဲ့တွေ ရသွားတဲ့သူတွေတောင်ရှိတယ်။ ဒီအကြောင်းကို လူတွေ သိပ်မသိကြပါဘူး။"


 
မလေးရှားနိုင်ငံ၏ ဆဋ္ဌမမြောက် ၀န်ကြီးချုပ် နာဂျစ်သည် မလေးရှားနိုင်ငံဗျူဟာမြောက်ဖွံ့ဖြိုးရေးကုမ္ပဏီ (1MDB) လာဘ်စားမှု အရှုပ်တော်ပုံကြောင့် ထောင်ဒဏ် ၁၂ ကျခံနေရသူဖြစ်သည်။ နာဂျစ်သည် နိုင်ငံ့တာဝန်မှထွက်ခွာပြီးနောက် ထောင်ထဲတန်းပို့ခံရသည့် ပထမဆုံး မလေးရှား ဝန်ကြီးချုပ်လည်း ဖြစ်သည်။


 
ယင်းမတိုင်ခင်က နာဂျစ်သည် ပညာရေးဆိုင်ရာအထောက်အထားများနှင့်ပတ်သက်၍ စစ်ဆေး ခံခဲ့ရပြီး ၎င်းမှာ ၁၉၇၄ ခုနှစ်တွင် စက်မှုစီးပွားရေးဘွဲ့ရခဲ့ကြောင်း ဗြိတိန်နိုင်ငံ နိုဝင်ဟမ်တက္ကသိုလ်မှ အတည်ပြုခဲ့သည်။ ထို့အပြင် သူသည် အိုဟိုင်းယိုးတက္ကသိုလ်၊ Monash တက္ကသိုလ် နှင့် ဂျပန်နိုင်ငံ မေဂျီတက္ကသိုလ်တို့ အပါအဝင် မလေးရှားနှင့် နိုင်ငံခြား တက္ကသိုလ်များမှ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များ ရရှိခဲ့သည်။


 
နာဂျစ်သည် ဖော်လိုဝါ ၄ ဒဿမ ၁ သန်းကျော်ရှိကာ တွစ်တာပေါ်တွင် ရေပန်းအစားဆုံး မလေးရှား နိုင်ငံရေးသမား အဖြစ် ဆက်လက်ရပ်တည်နေသည်။


ဆိုင်ဖူဒင်က နာဂျစ်အနေဖြင့် သူ၏ ထင်မြင်ယူဆချက်များကို မီဒီယာတွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ရှိပြီး လက်ရှိဝန်ကြီးချုပ် မစ္စတာအန်ဝါကလည်း ယင်းသို့လုပ်ဆောင်နိုင်ရန် စီစဉ်ပေးထား ကြောင်း ဆက်လက် ပြောကြားခဲ့သည်။


 
 
Source/ပုံ – The Straits Times

malaysia
former prime minister
Najib Razak

Share With
bap-logo