bap-logo
International

တရုတ်နှင့် အာဆီယံတွေ့ဆုံ၍ တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးမည်

6jbXDUmTNv8I2RSDmmob4-image

လွန်ခဲ့သော ၂ နှစ် က

ဂျာကာတာ - မတ် ၃

 

အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်အစိုးရတာဝန်ရှိသူများသည် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ် စည်းမျဉ်းများနှင့်ပတ်သက်၍ လာမည့်သတင်းပတ်ထဲ အင်ဒိုနီးရှားမြို့တော် ဂျာကာတာတွက် ဆက်လက်ဆွေး နွေးမည်ဟု သိရသည်။

 

အင်ဒိုနီးရှားစီစဉ်သည့် အဆိုပါအစည်းအဝေးကို မတ်လ ၈ ရက်မှ ၁၀ ရက်ထိ ကျင်းမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ ရေကြောင်းရေးရာတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့် အရာရှိတစ်ဦး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ကို စေလွှတ်မည်ဖြစ် ကြောင်း အမည်မဖော်လိုသည့် သံတမန်တစ်ဦးက ပြောသည်။

 

တရုတ်နှင့် အာဆီယံနိုင်ငံလေးနိုင်ငံ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့သည် တောင်တရုတ် ပင်လယ်ရှိ မဟာဗျူဟာကျသော ရေလမ်းကြောင်းနှင့်ပတ်သက်၍ တူညီသည့်တောင်းဆိုမှုများ ရှိနေပြီး အဆိုပါပြဿနာမှာ ဆယ်စုနှစ်များစွာကြာ မဖြေရှင်းနိုင်ဘဲ ရှိနေသည်။

 

၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားက ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံကြား တွေ့ဆုံညှိနှိုင်းမှုအသစ် လုပ်ဆောင်မည်ဖြစ်ကြောင်း ယခင်က တည်းက ကြိုတင်ပြောဆိုထားပြီး ဂျာကာတာတွင် ကျင်းပမည့် အစည်းအဝေးကို "တောင်တရုတ်ပင်လယ်နိုင်ငံများ ကျင့်ဝတ်စည်းကမ်းဆိုင်ရာ ကြေညာချက် အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ တရုတ်-အာဆီယံ ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေး" ဟု တရားဝင် အမည်ပေးသွား မည်ဖြစ်ကြောင်း သံတမန်က ဆိုသည်။

 

၂၀၂၃ အာဆီယံဥက္ကလည်းဖြစ်၊ ဒေသတွင်းစီးပွားရေးအင်အားအကြီးဆုံး အင်ဒိုနီးရှားသည် ၎င်း၏ ဩဇာကို အသုံးပြု၍ ကျင့်ဝတ်စည်းကမ်းဆိုင်ရာညှိနှိုင်းမှုကို တွန်းအားပေးကာ ရလဒ်ကောင်းများ အမြန်ဆုံး ထွက်ပေါ် လာစေရန် နည်းလမ်းသစ်များ ရှာဖွေရန် မျှော်လင့်ထားကြောင်း လေ့လာသူများက ဆိုသည်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang က ပေကျင်းအစိုး ရအနေဖြင့် ကာလရှည် ရေပိုင်နက် အငြင်းပွားမှု ဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်ပြင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပူးပေါင်းကာကွယ်ရေးအတွက် အာဆီယံနှင့် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၂ ရက်တာ ဖေဖော်ဝါရီလ ဂျာကာတာ အလည်အပတ် ခရီးစဉ်အတွင်း ကတိပြုပြောကြားခဲ့သည်။

 

Source/ပုံ – The Straits Times

Burma Associated Press

 

 

South China Sea
China
ASEAN

Share With
bap-logo