bap-logo
International

ဘီလာရုစ်က နိုဘယ်ဆုရှင် ဘီယာလီယာ့စကီး ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်

9slPRMb5-ddBaBY7khhTK-image

လွန်ခဲ့သော ၂ နှစ် က

မင့်စ် - မတ် ၄။


 
ဘီလာရုစ်တရားရုံးတစ်ခုက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်၊ လူ့အခွင့်အရေးလှုပ်ရှားသူ အဲလက်စ် ဘီယာလီယာ့ စကီး (Ales Bialiatski) အား ဆန္ဒပြပွဲများကို ငွေကြေးထောက်ပံ့မှုဖြင့် သောကြာနေ့က ထောင်ဒဏ် ၁၀ နှစ်ချ မှတ်လိုက်သည်။
 
အသက် ၆၀ အရွယ် ဘီယာလီယာ့စကီးသည် ရုရှား၏မဟာမိတ်အကြီးစား အလက်ဇန်းဒါး လူကာရှန်ကို ဆယ်စုနှစ်သုံးခုနီးပါး ပြင်းပြင်းထန်ထန် ဖိနှိပ်ချုပ်လာခဲ့သည့် မွေးရပ်မြေလူ့အခွင့်အရေးနှင့် ဒီမိုကရေစီ မြှင့်တင်ရေးဆောင်ရွက်ချက်များအတွက် အောက်တိုဘာလတွင် နိုဘယ်ဆုချီးမြှင့်ခံခဲ့ရသည်။
 
ဘီလာရုစ်မြို့တော် မင့်စ်တရားရုံးမှထွက်ပေါ်လာသော ဗွီဒီုတစ်ခုတွင် နွေဦးလူ့အခွင့်အရေးအဖွဲ့ ပူးတွဲ တည်ထောင်သူ ဘီယာလီယာ့စကီးမှာ နောက်ပြန်လက်ထိပ်ခတ်ခံထားရပြီး ညှိုးငယ်နေပုံ တွေ့ရသည်။
 
ဘီလာရုစ်အစိုးရသည် ဘီယာလီယာ့စကီးနှင့် အားခြားတရားခံသုံးဦးတို့အား ဆန္ဒပြပွဲငွေကြေးထောက်ပံ့မှု၊ ငွေမှောင်ခိုသွင်းမှုတို့ဖြင့် စွဲဆိုခဲ့သည်။ ဘီလာရုစ်နိုင်ငံပိုင်သတင်းဌာန Belta က ဘီယာလီယာ့စကီးအတွက် ထောင်ဒဏ် ၁၀ နှစ်အပါအဝင် တရားခံအမျိုးသား သုံးဦးကို နှစ်ရှည်ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း အတည်ပြုဖော်ပြသည်။
 
ဘီယာလီယာ့စကီးကမှု သူ့အပေါ်တင်ထားသည့်စွဲချက်များကို ငြင်းဆိုထားပြီး ဘီလာရုစ်အစိုးရ၏ လုပ်ရပ်မှာ နိုင်ငံရေးအရရည်ရွယ်ချက်ရှိရှိဆောင်ရွက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
ပြည်ပရောက် ဘီလာရုစ်အတိုက်အခံခေါင်းဆောင် ဆဗီယာလာနာ ဆီခါနူဆခါယာ (Sviatlana Tsikhanouskaya) က ဘီယာလီယာ့စကီးနှင့် အခြားသော တက်ကြွလှုပ်ရှားသူ သုံးဦးအားမှာ မတရားပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်ပြီး အလွန်စိုးရိမ်ဖွယ်ကောင်းကြောင်း ပြောကြားခဲ့သည်။
 
"
ရှက်စရာကောင်းတဲ့ မတရားမှုကို တိုက်ဖျက်ဖို့၊ မတရားပြစ်ဒဏ်ချမှတ်ခံထားရသူတွေ လွတ်မြောက်ဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားရမယ်" ဟု သူမက တွစ်တာတွင် ပြောဆိုခဲ့သည်။
 
မင့်စ်တရားရုံးသည် အခြားသောပြစ်ဒဏ်ချမှတ်ခံရသူ Valentin Stefanovich အား ထောင်ဒဏ် ၉ နှစ်၊ Vladimir Labkovich အား ၇ နှစ်နှင့် Dmitry Solovyov အား ၈ နှစ်စီ ချမှတ်ခဲ့သည်။
 
အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီဘလင်ကင်က ပြစ်ဒဏ်ချမှတ်ခံရသူများအား အမြန်ဆုံး ပြန်လွှတ် ပေးရန် တောင်းဆိုခဲ့ပြီး တရားရုံး၏ ဆုံးဖြတ်ချက်မှာ ဘီလာရုစ်နိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဖိနှိပ်လိုသည့် အတုအယောင်ဆုံးဖြတ်ချက်သာဖြစ်ကြောင်း တွစ်တာမှတဆင့် တုံ့ပြန်ခဲ့သည်။
 
 
Source – Reuters
 
ပုံ - အဲလက်စ် ဘီယာလီယာ့စကီး 2022 Right Livelihood Award ဆုလက်ခံပုံ။

 

 

Belarus
Ales Bialiatski
Nobel prize

Share With
bap-logo