bap-logo
Politics

ရေ​ဘေး ​သောကများ​နေချိန် စစ်တပ်က ​နောင်ချိုမှာ ဗုံးကြဲ

QfetjWEZxBinQc_GtCS5t-image

လွန်ခဲ့သော ၁၀ လ က

စက်တင်ဘာ ၁၅။

 

တစ်နိုင်ငံလုံး ရေဘေးအန္တရာယ်ကျရောက်နေချိန်မှာ စစ်ကောင်စီက နောင်ချိုမြို့ကို လေကြောင်းကတစ်ဆင့် ပေါင် ၅၀၀ ဗုံး နှစ်လုံးအပြင် ရော့ကတ်ဒုံးအသုံးပြုကာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

နေ့က စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းအချိန်က နောင်ချိုမြို့ သပြေရပ်ကွက်က ပြည်သူတွေနေထိုင်ရာနေရာကို တိုက်ခိုက်ခဲ့တာလို့ တအာဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က အသိပေးထားပါတယ်။

 

နေ့လယ် နာရီကနေ နာရီခွဲအချိန်ထိ Jet fighter ဖျက်အားပြင်းလက်နက်ဖြစ်တဲ့ ပေါင် ၅၀၀ ဗုံး ()လုံး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တစ်လုံးပေါက်ကွဲခဲ့ပြီး ကျန်တစ်လုံးမှာ ပေါက်ကွဲခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။

 

ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

သြဂုတ်လ ၁၃ ရက်ကလည်း လေကြောင့်အသုံးပြုပြီး နောင်ချိုမြို့အတွင်း ဗုံး(၁၃)လုံး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လူနေအိမ်ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLAက အသိပေးထားပါတယ်။

 

စစ်ကောင်စီတပ်ဟာ မြန်မာနိုင်ငံတဝှမ်းတွင် ရေဘေးအန္တရာယ်ရင်ဆိုင်နေရတဲ့အချိန် TNLA အုပ်ချုပ်နေတဲ့ မြို့တွေဖြစ်တဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့များကို တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ-TNLA

Burma Associated Press

Nawnghkio
Artillery
military
floods

Share With
bap-logo