bap-logo
International

ဒစ်ဂျစ်တယ်ပလက်ဖောင်းများမှ မီဒီယာများ ငွေကြေးရရှိနိုင်မည့် ဥပဒေကြမ်းကို အင်ဒိုနီးရှားရေးဆွဲ

PnlEznhMrZIuRL91CLIcp-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ

 

အင်ဒိုနီးရှားအစိုးရသည် ပြည်တွင်းသတင်းမီဒီယာများအနေဖြင့် ၎င်းတို့ရေးသားထုတ်ဝေသည့် အကြောင်းအရာ များကို စုစည်းဖော်ပြသည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများမှ ဝင်ငွေရရှိနိုင်မည့် စည်းမျဉ်းဥပဒေတစ်ရပ် ရေးဆွဲလျှက် ရှိကြောင်း စာနယ်ဇင်းကောင်စီက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

 

အဆိုပါဥပဒေသစ်သည် မီဒီယာများနှင့် နည်းပညာကုမ္ပဏီများကြား ရေးသားထုတ်ဝေမှုနှင့် အကျိုးအမြတ် ရရှိမှု မျှတစေရန် ထိန်းညှိပေးမည်ဖြစ်ကြောင်း အင်ဒိုနီးရှားစာနယ်ဇင်းကောင်စီအဖွဲ့ဝင် အာရစ်ဇူခီဖလီ (Arif Zulkifli) က ပြောသည်။

 

လွန်ခဲ့သည့်နှစ်နှစ်ခန့်ကအဆိုပြုခဲ့သည့် ဥပဒေကို ဂျာမဏီ၊ ဩစတြေးလျတို့ရှိ ပုံစံတူဥပဒေကို နမူနာယူ ရေးဆွဲ ထားခြင်းဖြစ်ပြီး တစ်လအတွင်း သမ္မတစည်းမျဉ်းဥပဒေအဖြစ် ထုတ်ပြန်ဖွယ်ရှိသည်။

 

အင်ဒိုနီးရှားရှိ အဓိကဒစ်ဂျစ်တယ်ပလက်ဖောင်းများတွင် ဖေ့စ်ဘွတ်၊ ဂူဂဲလ်နှင့် ပြည်တွင်းပလက်ဖောင်း အချို့ ပါဝင်သည်။

 

စာနယ်ဇင်းအဖွဲ့ဝင် အာရစ်ဖ်က - ဒစ်ဂျစ်တယ်ပလက်ဖောင်းများသည် မီဒီယာကုမ္ပဏီများမှ ထုတ်ဝေသည့် အကြောင်းအရာများမှ အကျိုးအမြတ်ရရှိနေပြီး မီဒီယာအများစုမှာ အကျိုးအမြတ် မဆိုစလောက်သာ ရရှိနေသည်ဟု ဆိုသည်။

 

သူက - "ဒီကိစ္စ လုံးဝမျှတမှုမရှိပါဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။

 

ဥပဒေသစ်အရ ငွေပေးချေမှုပုံစံနှင့် အစီအမံများကို စာနယ်ဇင်းကောင်စီက ဆုံးဖြတ်မှာဖြစ်သလို အငြင်းပွားမှု ဖြစ်ပွားပါက ဖျန်ဖြေပေးသူအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

 

ဩစတေးလျနိုင်ငံတွင် သတင်းမီဒီယာညှိနှိုင်းမှုဥပဒေကို ၂၀၂၁ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့သည်။ ဥပဒေပြဌာန်းပြီး နောက်ပိုင်း နည်းပညာကုမ္ပဏီများနှင့် မီဒီယာလုပ်ငန်းများကြားတွင် သဘောတူစာချုပ် ၃၀ ကျော် လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း ဩစတေးလျဘဏ္ဍာရေးဌာန၏ အစီရင်ခံစာအရ သိရသည်။

 

သတင်းမီဒီယာလုပ်ငန်းများသည် အဆိုပါစာချုပ်များမှရရှိသော အကျိုးအမြတ်ဖြင့် သတင်းသမားများ ပိုမို ငှားရမ်းနိုင်ခဲ့သလို လုပ်ငန်းပိုင်းတွင် တန်ဖိုးရှိသောရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

 

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက - အင်ဒိုနီးရှားနိုင်ငံ၏ ကြော်ငြာဈေးကွက် ၆၀ ရာခိုင်နှုန်းကို ပြည်ပစ်ဂျစ်တယ် ပလက်ဖောင်းတွေက ကြီးစိုးထားသည့်အတွက် ဥပဒေတစ်ရပ် အဆောတလျင်ပြဌာန်းရန် လိုအပ်နေပြီ ဖြစ်ကြောင်း ယနေ့ကျင်းပသည့် စာနယ်ဇင်းအထိမ်းအမှတ် အခမ်းနားတစ်ခုတွင် ပြောကြားခဲ့သည်။

 

SourceReuters/ပုံ - အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို

 

Burma Associated Press

Indonesia
Law
Digital platform
media

Share With
bap-logo