bap-logo
International

ဖိလစ်ပိုင်တွင် ယခုနှစ်သုံးလပတ်အတွင်း Starlink အင်တာနက်ရမည်

EoZpCIQLqas3_agHNSrE2-image

လွန်ခဲ့သော ၂ နှစ် က

မနီလာ - ဖေဖော်ဝါရီ ၄


 
အမေရိကန်စွန့်ဦးနည်းပညာလုပ်ငန်းရှင် အီလွန်မတ်စ်၏ အာကာသစူးစမ်းလေ့လာရေးနည်းပညာကုမ္ပဏီ SpaceX က ၂၀၂၃ ပထမသုံးလပတ်အတွင်း ၎င်းတို့၏ မြန်နှုန်းမြင့်အင်တာနက်ကို ဖိလစ်ပိုင်နိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်ရန်စီစဉ်ထားကြောင်း ဒေသခံပါတနာတစ်ဦးက သောကြာနေ့ ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။


 
"Starlink အင်တာနက်ကို ကျွန်တော်တို့ အကြာကြီးစောင့်ခဲ့ရတာပါ။ ဒီနှစ်ပထမသုံးလပတ်အတွင်း မိတ်ဆက်တော့မှာဆိုတော့ တော်တော်စိတ်လှုပ်ရှားစရာကောင်းပါတယ်" ဟု မနီလာအခြေစိုက် Data Lake ကုမ္ပဏီ  ဒုတိယဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Anthony Almeda က ‌ပြောကြားခဲ့သည်။


 
မြန်နှုန်းမြင့် Starlink အင်တာနက်သည် ဟာကွက်များစွာရှိနေသည့် အရှေ့‌တောင်အာရှကျွန်းစုနိုင်ငံအတွက် ကြီးမားသည့်အပြောင်းအလဲဖြစ်‌တော့မည်ဟု Almeda က ထုတ်ပြန်ချက်တွင် ပြောဆို ထားသည်။


 
ဖိလစ်ပိုင်နိုင်ငံတွင် လူ ၁၀၀ လျှင် ၇ဦးသာ မြန်နှုန်းမြင့်အင်တာနက် အသုံးပြုနိုင်ပြီး အခြားသော ဒေသတွင်းနိုင်ငံများဖြစ်သည့် စင်္ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ထက် များစွာ နောက်ကျ ကျန်နေသေးကြောင်း ကမ္ဘာ့ဘဏ်မှ အချက်အလက်များအရ သိရသည်။


 
Starlink အင်တာနက်ဝန်ဆောင်မှုတွင် ဖိလစ်ပိုင်နိုင်ငံရှိသုံးစွဲသူများသည် ကနဦးစက်ခ ‌၅၉၉ ဒေါ်လာ နှင့် အမြန်နှုန်း 200 Mbps အတွက် လစဉ်ကြေး ၉၉ ဒေါ်လာ ပေးသွင်းရမည်ဟုလည်း Data Lake က ဖော်ပြထားသည်။


 
 
Source/ဓာတ်ပုံ – Reuters

Philippines
Starlink
Internet

Share With
bap-logo