bap-logo
Business

ရွှေတစ်ကျပ်သား ၂၇ သိန်းကျော် ရောင်းချရန် ထုတ်ပြန်ပြီးနောက် ပြင်ပရွှေဈေး ၂၉ သိန်းနီးပါး ဖြစ်လာ

PGhnwVe70DonzyjJZQ0-T-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၂၃

 

အကယ်ဒမီ ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၇ သိန်းကျော် (,၇၉၀,၀၀၀) ဖြင့်သာ ရောင်းချရန် ရန်ကုန်တိုင်း ဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက ယမန်နေ့က ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ပြင်ပရွှေဈေးကွက်တွင် ရွှေတစ် ကျပ်သားလျှင် ကျပ် ၂၉ သိန်းနီးပါးထိ မြင့်တက်နေကြောင်း သိရသည်။

 

YGEA က ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များနှင့်ရွှေကုန်များအား ဖော်ပြပါဈေးနှုန်းဖြင့် ရောင်းချရန် မေတ္တာရပ်ခံ ပန်ကြားကြောင်း ယမန်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

မနေ့က အသင်းက ရွှေဈေးနှုန်းသတ်မှတ်လိုက်ပြီးနောက် ပြင်ပရွှေဈေးက ၂၉ သိန်းနီးပါးထိ ရောက်ရှိသွားတယ်။ ဈေးပိတ်ချိန်ကို ၂၈ သိန်းခွဲဝန်းကျင်ရှိတယ်ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 

အဆိုပါ ထုတ်ပြန်မှုသည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ,၅၃၀,၀၀၀ (ကျပ် နှစ်ဆယ့်ငါးသိန်းသုံးသောင်း) ဖြင့် ရောင်းချရန် ထုတ်ပြန်ခဲ့ပြီးနောက် လေးလနီးပါး အကြာ တွင် ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြင်ပရွှေဈေးကွက်ပေါက်ဈေးနှုန်းထားနှင့် ကွာဟနေဆဲ ဖြစ်ကြောင်း ရွှေလုပ် ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။

 

ယနေ့ ဖေဖော်ဝါရီ ၂၃ ရက် ရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းရွှေဈေးအဖွင့်၌ ရွှေတစ်ကျပ်သားလျှင် ,၁၅၄, ၈၀၀ ကျပ် သတ်မှတ်ပြီး ညနေ ရွှေဈေးပိတ်ချိန်တွင်လည်း ယင်းနှုန်းထားဖြင့်ပင် ဈေးပိတ် သိမ်းထားခဲ့သည်။ သို့သော် ပြင်ပပေါက်ဈေးတွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ,၈၅၃,၀၀၀ ဝန်းကျင်ရှိနေပြီး ကျပ် ၂၉ သိန်းနီးပါးထိ မြင့်တက်နိုင်နေကြောင်း သိရသည်။

 

အသင်းက ဘယ်လိုပဲ သတ်မှတ်သတ်မှတ် ရွှေဆိုင်မှာ ရွှေသွားဝယ်ရင် အပြင်ပေါက်ဈေးနဲ့ပဲ ဝယ်ရတာပဲ။ ဘောင်ချာမှာဈေးနှုန်းရေးရင်သာ သူတို့သတ်မှတ်တဲ့နှုန်းနဲ့ပဲ ဖော်ပြရေးတာ။ အဲလိုရေးတာကို သဘောတူမှ ရွှေရောင်းဝယ်လို့ရတာဟု အသေးစား ရွှေအရောင်းအဝယ်လုပ်နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 

ရွှေလုပ်ငန်းရှင်အသင်းသည် ရွှေဈေးကွက်ကိုထိန်းချုပ်ရန် အမြင့်ဆုံးနှုန်းထားတစ်ခုကို သတ်မှတ်လိုက်သော် လည်း ပြင်ပဈေးကွက်တွင် အဆိုပါနှုန်းထားထက်ကျော်လွန်၍ ရောင်းချနေမှုများရှိပြီး စည်းကမ်း တင်းကြပ် အရေးယူမှု မရှိကြောင်း ၎င်းကဆိုသည်။

 

၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံကို ကမ္ဘာ့ငွေကြေးခဝါချမှုဘဏ္ဍာရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ (FATA) က အမည်ပျက်စာရင်း တင်သွင်းပြီးသည့်နောက်ရက်တွင် အကယ်ဒမီ ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၃၀ နီးပါးထိ ဈေးမြင့်တက်ခဲ့သည်။

 

ဓာတ်ပုံ။ ရွှေလုပ်ငန်းရှင်များအသင်း

 

Burma Associated Press

Myanmar
gold
commodity price

Share With
bap-logo