bap-logo
Politics

ကော့ကရိတ်မြို့ အထပ်မြင့်များပေါ်တွင်ပါ စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထား

Lgou3w34pndwHQ-gvciwp-image

လွန်ခဲ့သော ၁၀ လ က

စက်တင်ဘာ ၄။

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၏ မြို့ပေါ်ရပ်ကွက် အထပ်မြင့်အဆောက်အဦများပေါ်တွင်လည်း စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ချထားသည်ဟု ဒေသခံများကဆိုသည်။

 

မြို့ထဲက အထပ်မြင့်တွေမှာ သဲအိတ်တွေချပြီး ဘန်ကာသေချာလုပ်ထားတယ်။ ချောင်းတောင် စာသင် ကျောင်းနားမှာဆိုလည်း သဲအိတ်နှစ်ထပ်သုံးထပ်နဲ့ လုပ်ထားတာဟု ချောင်းတောင် ဒေသခံတစ်ဦးက ပြောသည်။

 

ကော့ကရိတ်မြို့ကို လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ညအချိန်များတွင် မူးရူးသောင်းကျန်းခြင်း၊ အချင်းချင်းစကားများခြင်းများ မကြာခဏဖြစ်လေ့ရှိသည်ဟုလည်း ဒေသခံများဆိုသည်။

 

ညဘက်တွေဆို အော်ကျယ်ကျယ်နဲ့ ဖဲတွေလည်း ရိုက်နေကြတယ်ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။

 

ချောင်းတောင်တံတား၊ ရွှေကြက်မင်း ဘုန်းကြီးကျောင်းတို့တွင်လည်း အခိုင်အမာတပ်စွဲကာ မြို့၏ အဝင်အထွက်များကို အထူးဂရုပြုကာ စောင့်ကြည့်မှုများ လုပ်နေကြောင်းသိရသည်။

 

ကော့ကရိတ်မြို့အတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် မြို့တောင်ဘက်ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းများဖြင့်လည်း မကြာခဏပစ်ခတ်လျက်ရှိနေသည်။

 

ကော့ကရိတ်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် ဖော်ဆောင်ခဲ့သော်လည်း ယခုနှစ် ဧပြီလတွင် မြို့အတွင်းမှ ဆုတ်ခွာပေးခဲ့ရသည်။

 

Burma Associated Press

KNU
Kawkareik
civilian
military

Share With
bap-logo