bap-logo
Politics

အာဆီယံအထူးကိုယ်စားလှယ်သစ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်

MWCGOP2KEusLXkiR1nUD3-image

လွန်ခဲ့သော ၂ နှစ် က

မကြာသေးမီအချိန်အတွင်း အာဆီယံက ခန့်အပ်လိုက်သော အထူးသံတမန်အဖြစ် လာအိုသံတမန် Alounkeo Kittikhoun မြန်မာနိုင်ငံသို့ ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိခဲ့သည်။

 

Alounkeo လာရောက်မှုသည် လာမည့် ဇန်နဝါရီလ ၂၈ မှ ၂၉ ရက်နေ့အထိ လာအိုမြို့တော်ဟောင်း Luang Prabang တွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ လာရောက်ခြင်းဖြစ်သည်။ ယခုနှစ်တွင် လာအိုက အာဆီယံဥက္ကဌအဖြစ် တာဝန်ယူမည်ဖြစ်သည်။

 

Alounkeo နှင့် တွေ့ဆုံစည်းဝေးမှုများတွင် သဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရေး၊ စစ်အုပ်ချုပ်ရေးက လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရန် အားထုတ်မှုနှင့် ၎င်းတို့ ကတိပြုထားသည့် ရွေးကောက်ပွဲအရေးတို့ကို ဆွေးနွေးမည်ဟု MRTV တွင် ဖော်ပြထားသည်။

 

အသက် ၇၂ နှစ် အရွယ်ရှိ Alounkeo သည် ယခင်က လာအိုဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ လာအိုသံအမတ်အဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်သည်။

 

မြန်မာစစ်တပ်သည် သဘောတူညီချက်ငါးရပ်ကို ကနဦး သဘောတူညီခဲ့သော်လည်း အကောင်အထည်ဖော်ရန် အားထုတ်မှု အနည်းငယ်သာ ပြုခဲ့သည့်အတွက် ကုလသမဂ္ဂကျွမ်းကျင်သူတို့က သတ်မှတ်ဖော်ပြသကဲ့သို့ ပြည်တွင်းစစ်အခြေအနေသို့ ကျရောက်ခဲ့သည်။

 

၎င်းတို့၏ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်မှုကြောင့် အာဆီယံအဖွဲ့ဝင်များက စစ်တပ်အုပ်ချုပ်ရေးမှ အဓိက ခေါင်းဆောင်များကို ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခြင်းမှ တားမြစ်ခဲ့သည်။

 

အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားနှင့် အခြား ရွေးကောက်ခံဒီမိုကရေစီနိုင်ငံများအားလုံးက စစ်တပ်နှင့် ထိတွေ့ဆက်ဆံခြင်းသည် မြန်မာဗိုလ်ချုပ်များ၏ တရားဝင်ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြုမှုကို လက်ခံရာ ရောက်မည်ဖြစ်သည့်အတွက် အခိုင်အမာ ဆန့်ကျင်ခဲ့သည်။

 

အာဏာရှင်နိုင်ငံများဖြစ်သော ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ကမူ စစ်တပ်လွှမ်းမိုးနေဆဲ ထိုင်းနိုင်ငံကဲ့သို့ပင် စစ်ဗိုလ်ချုပ်များကို ဝေဖန်မှုအနည်းငယ်သာရှိခဲ့သည်။

 

Alounkeo သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရ၊ မရကို မသိရှိရပါ။ ဘရူနိုင်း၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ယခင် အာဆီယံအထူးကိုယ်စားလှယ်များကို စစ်အုပ်ချုပ်ရေးက သူမနှင့် တွေ့ဆုံခွင့် မပေးခဲ့ပေ။

 

ကွန်မြူနစ်နိုင်ငံလာအိုက အထူးကိုယ်စားလှယ်၏ ခရီးစဉ်ကို နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြခဲ့ခြင်း မရှိသကဲ့သို့ အာဆီယံဥက္ကဌအနေဖြင့်လည်း ထုတ်ပြန်ကြေငြာခြင်း မရှိခဲ့ပေ။

 

လာအိုနိုင်ငံခြားရေးဝန်ကြီးဌာကို Reuters က မှတ်ချက်ပေးရန် တောင်းဆိုခဲ့သော်လည်း ချက်ချင်း အကြောင်းမပြန်ခဲ့ပါ။

 

မင်းအောင်လှိုင်က ၎င်း၏ အုပ်ချုပ်ရေးမှအာဆီယံ၏ သဘောတူညီချက်ငါးရပ်ကို နစက၏ လမ်းပြမြေပုံနှင့် ချိန်ညှိအကောင်အထည်ဖော်နေသည်။ဟု နိုင်ငံပိုင် သတင်းစာမှ ဖော်ပြသည်။

 

NUG ပြောခွင့်ရ ဦးကျော်ဇောက အထူးကိုယ်စားလှယ်သည် စစ်အာဏာရှင်နှင့်သာမက သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံသင့်သည်ဟု ပြောသည်။

 

သုံးနှစ်ကုန်ဆုံးတော့မယ်။ စစ်အာဏာရှင်ခေါင်းဆောင်က သဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ ဆန္ဒမရှိဘူးဆိုတာ သက်သေပြပြီးပြီ။ တရားဝင်၊ ဥပဒေနဲ့ ညီတဲ့ NUG အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ခုခံတော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ အရေးကြီးပါတယ်။ဟု ၎င်းက ပြောသည်။

 

ကိုးကား - Reuters AP

ပုံစာ - ၂၀၁၈ ခုနှစ် အာဆီယံ အိန္ဒိယ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု တွေ့ဆုံပွဲနှင့် ပြပွဲမှ Alounkeo Kittikhoun (Photo: ASEAN India CII)

 

Burma Associated Press

Laos
Myanmar
ASEAN
ASEAN special envoy

Share With
bap-logo