bap-logo
Politics

တရားလက်မဲ့ ကွပ်မျက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ကို အမှတ်ရနေဟု ဥရောပ ပါလီမန်ထုတ်ပြန်

MGMFGCEZTlCHfT7ekbBsX-image

လွန်ခဲ့သော ၂ နှစ် က

ဇူလိုင် ၂၃။

စစ်ကောင်စီက သေဒဏ်ပေး ကွပ်မျက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ကို အမှတ်ရ နေသည်ဟု ဥရောပ ပါလီမန်ထုတ်ပြန်သည်။

 

ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီအပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦး ကွပ်မျက်ခံရခြင်း နှစ် ပြည့်တွင် ထိုသို့ထုတ်ပြန်ခြင်းဖြစ်သည်။

 

အာဏာသိမ်းစစ်ကောင်စီ၏ တရားလက်မဲ့ စီရင်ခဲ့သည့် ဖြစ်ရပ်ကို အမှတ်ရနေမည်ဟုလည်း ဖော်ပြထားသည်။

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အချက်အလက်များအရ အာဏာသိမ်းပြီး ချိန်မှ ယခုနှစ် ဇူလိုင်လ ၂၁ ရက်အထိ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၈) ဦး ရှိပြီဖြစ်သည်။

 

ပုံစာ -လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် ၂၀၁၉ ခုနှစ်က ဥရောပ ပါလီမန်သို့ ရောက်ခဲ့စဉ် ( ဓာတ်ပုံ - the European Parliament )

 

Burma Associated Press

Phyo Zayar Thaw
death sentenced

Share With
bap-logo