bap-logo
Politics

စုန်းချောင်းရွာသားများ အသတ်ခံရမှုတွင် NUG ကြားကာလပညာရေး ကျောင်းသား ၄ ဦး ပါဝင်

kUXBxZWbHsOz9ad29NLAc-image

လွန်ခဲ့သော ၂ နှစ် က

ဇူလိုင် ၂၂။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာရှိ ပြည်သူများ အသတ်ခံရ မှုတွင် NUG ကြားကာလ ပညာရေး၌ သင်ကြားနေသည့် ကျောင်းသား ဦး ပါဝင်ကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် အဖွဲ့ဝင် တစ်ဦးက BAP သို့ အတည်ပြုသည်။

 

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်က စုန်းချောင်းရွာအတွင်းသို့ ပကဖ ခေါင်းဆောင်များ ကို ဖမ်းဆီးရန်ဟုဆိုကာ စစ်ကောင်စီတပ်က ဝင်ရောက်လာပြီးနောက် ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ၎င်းက ပြောသည်။

 

ထို့နောက် ညနေ နာရီခန့်တွင် ဖမ်းဆီးခံထားရသူများမှ ၁၄ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြန်လွတ်လာသူ တစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ BAP သို့ ပြောသည်။

 

အသတ်ခံရသူ ၁၄ ဦးတွင် ပကဖအဖွဲ့ဝင် နှစ်ဦး၊ NUG ကြားကာလပညာရေး ကျောင်းသား ဦး ပါဝင်ပြီး ကျန်သူများမှာ စုန်းချောင်း ရွာသားများ ဖြစ်သည် ဟုလည်း ထပ်မံအတည်ပြုထားသည်။

 

လက်ရှိအချိန်ထိ စုန်းချောင်းရွာသားများကို ရွာထဲသို့ ပြန်မဝင်ရန် ဒေသခံ အဖွဲ့အစည်းများက သတိပေးထားပြီး စစ်ကောင်စီတပ်၏ လှုပ်ရှားမှု အခြေအနေကို စောင့်ကြည့်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

 

ပုံစာ- ဇူလိုင်လ ၂၁ ရက်တွင် စစ်ကောင်စီ သတ်ဖြတ်ခြင်းခံရသည့် စုန်းချောင်းပြည်သူများ (ဓာတ်ပုံ- စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်)

 

Burma Associated Press

Sagaing
Civilian
Military
killed

Share With
bap-logo