bap-logo
Politics

ဒေါပုံဗကသ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက် ထောင် ၅ နှစ် ထပ်မံချမှတ်ခံရ စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ အထိ ရှိလာ

PbfuVD_JHGBswtKvyYpT8-image

လွန်ခဲ့သော ၂ နှစ် က

ဇူလိုင် ၂၁။

 

ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်ကို စစ်အုပ်စုက ဇူလိုင် ၂၀ ရက်တွင် ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်ခဲ့သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ထံက သိရသည်။

 

စစ်တပ်က စွဲဆိုထားသော အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ () ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။

 

ကိုဉာဏ်ဝင်းထက်ကို စစ်တပ်က ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

 

ထို့နောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁() ဖြင့် ထောင်ဒဏ် နှစ်၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ () ဖြင့် ထောင်ဒဏ် နှစ် ချမှတ်ထားခဲ့ပြီး ယခုတစ်ကြိမ် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရခြင်းဖြစ်ကာ စုစုပေါင်း ထောင်ဒဏ် ၂၀ နှစ် ရှိလာပြီ ဖြစ်သည်။

 

ပြီးခဲ့သည့် ဇွန်လတွင်လည်း စစ်တပ်က ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကိုထက်ပိုင်စိုးကို ထောင်ဒဏ် ၁၀ နှစ်၊ ဒဂုံတက္ကသိုလ်ကျောင်းသူ မဝတ်ရည်အောင်ကို ထောင်ဒဏ် သုံးနှစ် ထပ်မံ ချမှတ်ခဲ့သည်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသား/သူ ပေါင်း ၁၃၈ ဦး ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း-AAPPက ဇူလိုင် ၄ ရက်က ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ- ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

ပုံစာ- ဒေါပုံဗကသ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်

 

 Burma Associated Press

sentenced
student
SAC

Share With
bap-logo