Crime
ဂျေယန်စစ်ရှောင်စခန်းတွင် လျှပ်စစ်ဝါယာ ရှော့ကြောင့် နေအိမ် ၃၅ လုံး မီးလောင်
လွန်ခဲ့သော ၂ နှစ် က
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင် စခန်းဖြစ်သော ဂျေယန် စစ်ရှောင် စခန်းရှိ ရပ်ကွက်(၆)B တွင် မတ်လ ၁၉ ရက် ညနေပိုင်း သုံးနာရီခန့်အချိန်တွင် လျှပ်စစ်ဝါယာရှော့ဖြင့် နေအိမ် ၃၅ လုံး မီးလောင်သွားကြောင်းသိရသည်။
ဂျေယန်စစ်ရှောင်စခန်းသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် နေရာလည်းဖြစ်သည်။ အဆိုပါစခန်းတွင် ရပ်ကွက် ၇ ခု ရှိကြောင်းသိရသည်။
လက်ရှိတွင် မီးဘေးသင့်ပြည်သူအိမ်ထောင်စု ၃၅ မှ ပြည်သူ ၁၇၇ ယောက်ကို ဂျေယန်စစ်ရှောင်စာသင် ကျောင်း တွင် ယာယီနေရာချထားပေးကြောင်း သိရသည်။
ဓာတ်ပုံ- Simsa Kasa Multimedia
Refugee camp
KIO
Kachin
fire broke out
Top News
ထရန့်၏ မူဝါဒကြောင့် သန့်ရှင်းသည့် စွမ်းအင်ကဏ္ဍတွင် တရုတ်၏နောက် အမေရိကန် ကျန်ခဲ့
လွန်ခဲ့သော ၂၁ နာရီ က
ဦးတေဇသမီးအကြောင်းဆောင်းပါးကို အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်းက ဝဘ်ဆိုက်မှ ဖယ်ရှား
လွန်ခဲ့သော ၂၁ နာရီ က
ကုန်သွယ်ရေးစစ်ပွဲသည် ခဏတာ ဖြစ်စဉ်မဟုတ်ဟု မလေးရှားဝန်ကြီးချုပ် သတိပေး
လွန်ခဲ့သော ၇ ရက် က
Articles
Share With