bap-logo
Crime

မြောက်ဒဂုံ မီးလောင်မှု သက်ကြီးရွယ်အို တစ်ဦးအပါအဝင် လေးဦးသေဆုံး

psU8gmKib3LIeQmyFbXeL-image

လွန်ခဲ့သော ၂ နှစ် က

ရန်ကုန်၊ ဇန်နဝါရီ ၂၅

 

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ အမှတ် ၃၃ ရပ်ကွက်၊ စိန်ပန်းမြိုင် ၁ လမ်းရှိ နှစ်ထပ်တိုက် နေအိမ်တစ်လုံး ယနေ့ ဇန်နဝါရီလ ၂၅ ရက် မနက်ပိုင်းက မီးလောင်ရာတွင် အသက်ကြီး ရွယ်အိုတစ်ဦး အပါအဝင် လေးဦး သေဆုံးကြောင်း  မေတ္တာအလင်းလူမှုကူညီရေးအသင်းမှ စေတနာဝန်ထမ်းတစ်ဦးက ‌ပြောသည်။

 

မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူများကို ‌မြောက်ဥက္ကလာဆေးရုံသို့ပို့ ဆောင်ထား‌ကြောင်းသိရသည်။

 

"ဒီနေ့ မနက်နှစ်နာရီကျော်လောက်က မီးလောင်တာ။  ‌ခြောက်နာရီကျော်လောက်မှပြီးတယ်။ တစ်အိမ်လုံး မီးလောင်ပြိုကျသွားတာဆိုတော့ အဲဒီအထဲကနေ အလောင်းတွေရှာရ ဆွဲထုတ်ရတယ်" ဟု စေတနာ့ဝန်ထမ်း အမျိုးသမီးတစ်ဦး က ပြောသည်။ 

 

အဆိုပါနေအိမ်ရှိကျန်းမာရေးမကောင်းသည့် အသက် ၈၀ ကျော် အဖွားအိုတစ်ဦးနှင့်အတူ အမျိုးသမီး သူနာပြု နှစ်ဦး၊ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း မေတ္တာအလင်းလူမှုကူညီရေးအသင်း ထံမှ သိရသည်။

 

ယင်းအပြင် ‌နေအိမ်မီးလောင်မှုငြိမ်းသတ်ရာတွင် တစ်နာရီကျော်ကြာမြင့်ခဲ့ပြီး မည့်သည့်အကြောင်းကြောင့် လောင်ကျွမ်းသည်ကိုမသိရှိရသေးပေ။ 

 

Photos MFSD

Burma Associated Press

Yangon
fire broke out
died

Share With
bap-logo