bap-logo
Crime

Grand Royal အရက်ချက်စက်ရုံ မီးလောင်မှုသည် "မတော်တဆ" ဖြစ်ရပ်ဟု ကုမ္ပဏီထုတ်ပြန်

UFv1r9kHIygjiwWb0rhzv-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ ၁၆

 

ပြီးခဲ့သည့်ရက်ပိုင်းကဖြစ်ပွားသော Grandroyal အရက်ချက်စက်ရုံ မီးလောင်မှုတွင် လက်ရှိ သိရှိရသည့် အထောက်အထားများအရ မတော်တဆလောင်ကျွမ်းမှုအဖြစ် ယူဆထားကြောင်း Grand Royal Group International ကုမ္ပဏီက ယနေ့ ထုတ်ပြန်သည်။

 

အဆိုပါမီးလောင်မှုတွင် အရက်သိုလှောင်သိမ်းဆည်းရာနေရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ယင်းက ဆိုသည်။

 

လက်ရှိတွင် မီးလောင်ကျွမ်းမှုဖြစ်စဥ်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး မတော်တဆဖြစ်ပွားသည်ဟု ယူဆရကြောင်း ထုတ်ပြန်သည်။

 

ယင်းအပြင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးထားပြီး အရက်ချက်လုပ်ခြင်းနှင့် ပုလင်းသွတ် လုပ်ငန်းများ ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း၊ မန္တလေးစက်ရုံလည်ပတ်ဆဲဖြစ်ကြောင်း၊ ကုန်ပစ္စည်း ပြတ်လပ်မှု မရှိစေရန် ဆောင်ရွက်နေကြောင်း GRGI မှ စီအီးအို ရာဟူးလ်ဂျွန်ကိုလာကိုလ်က ပြောကြားသည်။

 

ထို့အပြင် ပင်မအရက်ချက်စက်ရုံ၊ ပုလင်းသွင်းစက်ရုံနှင့် နှစ်ချို့အရက်စည်များ ထားရှိရာနေရာ မီးလောင်ကျွမ်း ခြင်း မရှိကြောင်း သိရသည်။

 

စက်ရုံမီးလောင်မှုကြောင့် သိုလှောင်ထားသည့် အရက်ကြမ်း ၉၆ ရာခိုင်နှုန်းနှင့် အရက်ဖျော်စပ်ရာတွင် အသုံးပြု သော Tank ကြီးများ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် သက်ဆိုင်ရာအာမခံကုမ္ပဏီများနှင့် သင့်တော်သော ဆုံးရှုံးမှုပမဏအတွက် ဆွေးနွေးနေကြောင်း  သိရသည်။

 

မီးလောင်မှုတွင် မီးသတ်ဝန်ထမ်းအပါအဝင် စေတနာဝန်ထမ်း ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေရာတွင် ၁၇ ဦးသက်သာကာ ဦး ဆက်လက်ကုသနေဆဲဖြစ်ကြောင်း ကုမ္ပဏီထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ Grand Royal Group Information ကုမ္ပဏီသည် ထိုင်းနိုင်ငံရှိ Thai Beverage Public Company Limited မှ ၇၅ ရာခိုင်းနှုန်းနှင့် မြန်မာပိုင် Myanmar Winey and Distillery Company ၂၅ ရာခိုင်နှုန်း ပိုင်ဆိုင်သော ဖက်စပ်ကုမ္ပဏီဖြစ်ကြောင်းသိရသည်။

 

Burma Associated Press

 

 

fire broke out
Yangon

Share With
bap-logo