bap-logo
Data

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ

I4loNnI3YXWGS9IpBfQCt-image

လွန်ခဲ့သော ၂ နှစ် က

*** အသိပေးချက် စိတ်မချမ်းမြေ့ဖွယ်ရာပုံအချို့ပါဝင်ပါသည်။

အောက်တိုဘာ ၁၀။

အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံတဝှမ်းအကြမ်းဖက်မှုများနှင့် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများကို အကြိမ်ပေါင်း ၆၀ ထက်မနည်း ကျူးလွန် နေသည့် စစ်ကောင်စီသည် ယမန်နေ့ညက KIO ထိန်းချုပ်ရာ နေရာရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

 

အဆိုပါတိုက်ခိုက်မှုကြောင့် ကလေး ၁၇ ဦးအပါအဝင် ၂၉ ဦး သေဆုံးခဲ့သည်ဟု BAP ကသိရှိရသည်။

 

၂၀၂၁ ခုနှစ်၊ဇူလိုင်လမှ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ အထိ စစ်ကောင်စီနှင့် ယင်း၏ လက်ပါးစေများက လူ () ဦး ထက်မနည်း တပြိုင်တည်းသေဆုံးခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း ၆၄ ခုရှိခဲ့သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရကဆိုသည်။

 

အဆိုပါဖြစ်စဉ်များတွင် ပြည်သူ ၇၆၆ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများတွင် အသက် ၁၈ နှစ်အောက် ၆၂ ဦးပါဝင်နေသည်ဟုဆိုသည်။

 

စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများအနက်မှ လူ ၁၀ ဦးနှင့် အထက် သေဆုံးခဲ့ရသည် ဖြစ်စဉ်များကို BAP က စုစည်းဖော်ပြလိုက်ပါသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဓာတ်ပုံများ- လူမှုကွန်ရက်

 

Burma Associated Press

coup
SAC
massacres

Share With
bap-logo