bap-logo
Data

လူမှုကွန်ယက်ပေါ်က ရေးသားမှုတွေကြောင့် ဖမ်းဆီးခံရသူ ၁,၃၀၀ ကျော်ရှိလာ

E5oyulxZNItFz7GU1hyAN-image

လွန်ခဲ့သော ၂ နှစ် က

အောက်တိုဘာ ၈။

 

လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်တဲ့ ရေးသားမှုတွေနဲ့ ပြောဆိုဆက်သွယ်မှုတွေ ကြောင့် ၂၀၂၂ ဖေဖော်ဝါရီလကနေ ၂၀၂၃ စက်တင်ဘာလကုန်အထိ ဖမ်းဆီးခံရသူ ၁,၃၁၆ ဦး ရှိတယ်လို့ Data For Myanmar- DFM က ဒီနေ့ထုတ်ပြန်ပါတယ်။

 

လူမှုကွန်ယက်ပေါ်မှာ ရေးသားမှုတွေနဲ့ ပြောဆိုဆက်သွယ်မှုတွေကြောင့် အဖမ်းခံရသူ အရေအတွက်ဟာ လစဉ် ပျမ်းမျှ ၆၅ ဦးနီးပါး ရှိတယ်လို့ ဖော်ပြထားပါတယ်။

 

ဖမ်းဆီးခံရသူတွေထဲမှာ Facebook အသုံးပြုသူတွေက အများစုဖြစ်ပြီး TikTok နဲ့ Telegram အသုံးပြုသူအချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

 

အဖမ်းခံရသူအားလုံးထဲက ထက်ဝက်နီးပါးဟာ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတွေက ဖြစ်ပြီးတော့ ၆၀၀ ဦးကျော် ပါဝင်ပါတယ်။

 

DFM အနေနဲ့ စစ်ကောင်စီက သူတို့ကို အမှန်တကယ် ဖမ်းဆီး ထောင်ချခြင်းရှိမရှိ၊ ပြန်လည် လွတ်မြောက်မှု ရှိမရှိနဲ့ နောက်ဆုံးအခြေအနေတွေကို မသိရှိသေးပါဘူးလို့လည်း အသိပေးထား ပါတယ်။

 

လူမှုကွန်ယက်ကနေ ဝါဒဖြန့်ခြိမ်းခြောက်တာတွေ ပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနဲ့ ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)အပြင် တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်မှာ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

အင်တာနက်လွတ်လပ်ခွင့် ချိုးဖောက်ခံနေရတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မြန်မာဟာ ဒုတိယအဆိုးဆုံး နိုင်ငံဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာလ ၄ ရက်က ထုတ်ပြန်တဲ့ အစီရင်စာမှာ ဖော်ပြထားပါတယ်။

 

လျှပ်စစ်မီး ပုံမှန်မပေးနိုင်တဲ့ စစ်ကောင်စီဝန်ကြီးဌာနနဲ့ စစ်ကောင်စီအကြီးအကဲတချို့ကို ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ ဟစ်ဟော့ပ်အဆိုတော် ဗျူဟာကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဩဂုတ်လမှာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါသေးတယ်။

 

Burma Associated Press

Myanmar
Internet
SAC
coup

Share With
bap-logo