bap-logo
Data

ကလေး ၁၇ ဦး အပါအဝင် ၂၉ ဦး သေဆုံးခဲ့တဲ့ လိုင်ဇာ စစ်ရှောင်စခန်းဗုံးကြဲမှု

ED0uvHpjeohQqIO5gRI7y-image

လွန်ခဲ့သော ၂ နှစ် က

အောက်တိုဘာ ၁၀။

လိုင်ဇာမြို့ထဲက စစ်ရှောင်စခန်း လေကြောင်းဗုံးကြဲခံရမှု သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၁၇ ဦး ပါဝင်တယ်လို့ အဲဒီနေရာမှာ ရောက်ရှိ နေတဲ့ ဒေသခံတစ်ဦးက BAP ကို ပြောပါတယ်။

 

လိုင်ဇာကနေ နှစ်မိုင်လောက်ဝေးတဲ့ ရွာကို ၁၁ နာရီခွဲလောက်က ဗုံးလာကြဲသွားတာ၊ လေယာဉ် လား ဒရုန်းလား မသေချာဘူးလို့ သူက ပြောပါတယ်။

 

ထိခိုက်သေဆုံးသူတွေကို လက်ရှိအချိန်ထိ BAP က အတည်ပြုထားတဲ့ စာရင်းတွေအရ စစ်ရှောင် စခန်းမှာ နေထိုင်တဲ့ အသက် ၁၂ အောက်ကလေး ဦးနဲ့ အသက် ၁၆ အောက် ၁၁ ဦးအပါအဝင် ကလေး ၁၇ ဦး ပါဝင်နေပါတယ်။

 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူစုစုပေါင်း ၂၉ ဦးရှိပြီး ၅၆ ဦး ဒဏ်ရာရခဲ့ တယ်လို့ BAP ကို ပြောပါတယ်။

 

အဲဒီမုန်လိုင်ခက်စစ်ရှောင်စခန်းဟာ စစ်ရေးပစ်မှတ်မဟုတ်ဘဲ စစ်ဘက်ဆိုင်ရာ နေရာတွေနဲ့ နှစ်မိုင်၊ သုံးမိုင်နီးပါး ဝေးပြီး ဒေသခံနဲ့ စစ်ဘေးရှောင်တွေ ပြွတ်သိပ်နေထိုင်နေတဲ့ နေရာဖြစ်တယ်လို့လည်း သိရပါတယ်။

 

ကချင်ပြည်နယ်က KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ထဲကို စစ်ကောင်စီက မနေ့ အောက်တိုဘာ ရက်ည ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မုန်လိုက်ခက် (Mung Lai Hkyet) စစ်ရှောင်စခန်းက အရပ်သားတွေ သေဆုံးထိခိုက်ခဲ့ရတာ ဖြစ်ပါတယ်။

 

၂၀၂၁ ခုနှစ်၊ဇူလိုင်လကနေ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ အထိ စစ်ကောင်စီနဲ့ လက်ပါးစေတွေက လူ () ဦး ထက်မနည်း တပြိုင်တည်းသေဆုံးခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း ၆၄ ခုရှိခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရက ဆိုပါတယ်။

 

အဲဒီဖြစ်စဉ်တွေမှာ ပြည်သူ ၇၆၆ ဦး သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ၆၂ ဦး ပါဝင်နေတယ်လို့ ဆိုပါတယ်။

 

 

Burma Associated Press

Kachin
KIO
Refugee camp
Airattack
refugee
died

Share With
bap-logo