bap-logo
Politics

မြန်မာစစ်တပ်နှင့် ညီနောင်မဟာမိတ်အဖွဲ့ အပစ်ရပ်ရန် သဘောတူဟု TNLA က Reuters ကို ပြော

Fc46bze0mNVa2Gk32tOGb-image

လွန်ခဲ့သော ၂ နှစ် က

 

တိုင်းရင်းသားလူနည်းစုတပ်ဖွဲ့များ မဟာမိတ်အဖွဲ့က မြန်မာစစ်တပ်နှင့် အပစ်ရပ်ရန် သဘောတူ လိုက်ကြောင်း၊ ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးလည်းပါ ဝင်ကြောင်း TNLA အဖွဲ့ခေါင်းဆောင်တစ်ဦးက သောကြာနေ့တွင် Reuters ကို ပြောသည်။

 

တရုတ်ကိုယ်စားလှယ် Deng Xi Jin ကူညီစီစဉ်သည့် ဆွေးနွေးပွဲတွင် ညီနောင်မဟာမိတ်သုံးဖွဲ့ ကဆက်လက်ချီတက်ခြင်းမပြုဘဲ အပစ်ရပ်ရန် သဘောတူခဲ့သည်ဟု TNLA ခေါင်းဆောင်က အမည်မဖော်ဘဲ Reuters ကို ပြောသည်။

 

ညီနောင်မဟာမိတ်များဘက်က သဘောတူတာက ရန်သူစခန်းတွေ မြို့တွေကို ထိုးစစ်ဆင် တိုက်ခိုက်မှု ရပ်တန့်မယ်။ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာ၊ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်တာတွေ မလုပ်ဖို့ သဘောတူတယ်။

 

မြန်မာစစ်အုပ်ချုပ်ရေးဘက်မှ အတည်ပြုမှု ချက်ချင်း မရရှိပါ။

 

မဟာမိတ်သုံးဖွဲ့အနက် အခြားနှစ်ဖွဲ့ဖြစ်သော MNDAA နှင့် AA တို့ထံမှ ဆွေးနွေးမှုနှင့်ပတ်သတ်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုအပေါ် ချက်ချင်း မတုန့်ပြန်ခဲ့ကြပါ။

 

ကိုးကား - Reuters

 

ပုံစာ - စက်တင်ဘာ ရက် ၂၀၀၉ ခုနှစ် ကိုးကန့်ဒေသ လောက်ကိုင်မြို့ မြင်ကွင်း။ (Photo: Reuters/Pool/File Photo)

 

Burma Associated Press

SAC
Ta'ang National Liberation Army
Ceasefire

Share With
bap-logo