bap-logo
Politics

အမေရိကန် ရေနံမြေအငှားချထားမှုများကို ရောင်းချခဲ့သည့် မြန်မာရွှေ့‌ပြောင်း နေထိုင်သူ တရား ရင်ဆိုင်ရမည်

F7fKr8sioHHUd-YuNiRd1-image

လွန်ခဲ့သော ၂ နှစ် က

 

မြန်မာနိုင်ငံမှ ရွေ့ပြောင်းနေထိုင်သူများကို အမေရိကန်အစိုးရ၏ ရေနံနှင့် သဘာဝ အငှားချထားမှုများ တက်ဈေး ဖြင့် ရောင်းချခဲ့ပြီး တူးဖော်ရန် ကူညီမည်ဆိုသည့် ကတိပျက်မှုနှင့် စွပ်စွဲခံထားရသည့် မြန်မာစွန့်ဦး တီထွင်သူ တစ်ဦးသည် လော့စ်အိန်ဂျလိစ်မြို့တွင် ယခုအပတ်အတွင်း တရားရင်ဆိုင်ရမည်ဟု တရားရုံး စာရွက်စာတမ်း များအရ သိရသည်။

 

စွမ်းအင်လုပ်ငန်းဆိုင်ရာ နောက်ကြောင်းရာဇဝင်ရှိပုံမရဘဲ လေးနှစ်ခန့် အကြာထိ ဖက်ဒရယ်အစိုးရနှင့် ပြည်နယ် အစိုးရတို့ထံမှ ဒေါ်လာ . သန်း ကျော် တန်ဖိုးရှိ မြေအငှားချထားမှုများ ရာချီ၍ အထိန်း အကွပ်မဲ့ ဝယ်ယူခဲ့ သည့် Levi Sap Nei Thang သည် တရားစွဲဆိုသူ ၂၁ ဦးကိုယ်စား အမှုဖွင့်ထားသည့် စွဲဆိုမှု နှစ်ခု ပူးပေါင်းထားသည့် တရားခွင်ကို ရင်ဆိုင်ရမည် ဖြစ်သည်။

 

၂၀၂၁ ခုနှစ်တွင် Thang သည် အငှားချထားမှုများကို သူမ ပေးခဲ့ရသည်ထက် အဆများစွာဖြင့် ရောင်းချ နေကြောင်း Reuters က ဖော်ထုတ်ခဲ့သည်။

 

တရားစွဲမှုများကို ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် လော့စ်အိန်ဂျလိစ်မြို့ရှိ ကယ်လီဖိုနီးယားပြည်နယ်တရားရုံး၌ အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး Thang နှင့် သူမ၏ များစွာသော စီးပွားရေးအစုအဖွဲ့များဘက်မှ ရည်ရွယ်ချက်ရှိရှိနှင့် ပေါ့ဆစွာ တလွဲပုံဖော်ခြင်းပြုသည်ဟု စွပ်စွဲထားသည်။

 

တရားရုံးတွင် အမှုဖွင့်ရာ၌ စွဲဆိုသူများက ၎င်းတို့သည် Thang က တူးဖော်ရန် နှင့် ရေနံတွင်းများ လုပ်ကိုင်နိုင်ရန် ကူညီမည်ဟု ယုံကြည်သည့်အတွက် သူမကို စုစုပေါင်း ဒေါ်လာ သန်းကျော် ပေးခဲ့သည့် ကာယလုပ်သားများဖြစ်ကြောင်း ပြောကြသည်။ Thang က မြေအငှားချထားမှုများကို သူမ၏ Facebook follower ၁၂၅,၀၀၀ ထံသို့ ပို့စ်များ၊ Live ဗီဒီယိုများမှတဆင့် အရောင်းမြှင့်တင်မှုများ လုပ်ခဲ့ကြောင်း တရားစွဲဆိုချက်တွင် စွပ်စွဲထားသည်။

 

Thang သည် ရေမွှေးရောင်းချခြင်း၊ အလုပ်လက်မဲ့များအတွက် အစိုးရ ထောက်ပံ့ကြေးရရှိရန် အမျိုးသားများကို အကြံဉာဏ်ပေးခြင်း၊ သူမ၏ ဝက်ဘ်ဆိုက်တွင် သံတမန်၊ ရေနံနှင့် ဓာတ်ငွေ့ဖွံ့ဖြိုးရေး လုပ်ဆောင်နေသည့် ဟန်ပြခြင်းများလုပ်ဆောင်ခဲ့ပြီး မြန်မာရွှေ့ပြောင်းနေထိုင်သူ အသိုင်းအဝိုင်းငယ်အတွင်း အတန်အသင့် ထင်ရှားသူ တစ်ယောက် ဖြစ်သည်။

 

ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားက Levi Sap Nei Thang က သူ့အဆင့် အတန်းနဲ့ ထင်ရှားမှုကို အသုံးပြုပြီး သူ့အသိုင်းအဝိုင်းထဲက မသိနားမလည်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို လူမှုမီဒီယာမှာ ကြီးကျယ်တဲ့ ရင်းနှီးမြှပ်နှံမှုအနေနဲ့ အယောင်ဆောင် ငွေတောင်းမှုတွေလုပ်ပြီး ရေနံအငှားချထား မှုတွေကို ဈေးအမြင့်နဲ့ ရည်ရွယ်ချက်ရှိရှိ အမိဖမ်းရောင်းချခဲ့တယ်။ဟု တရားစွဲ သူများက ဂျွန်လတွင်း အသိပေးရှင်းလင်းမှုတစ်ခုတွင် ပြောသည်။

 

အခြားအသိပေးရှင်းလင်းမှုတစ်ခုတွင် Thang ရှေ့နေက တရားစွဲ ဆိုသူများတွင် ၎င်းတို့စွဲဆိုသကဲ့သို့ Thang က ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် ပေါ့ဆစွာ တလွဲပုံဖော်ခြင်းပြုသည့် အထောက်အထား မရှိဟု ပြောသည်။

 

ခုံသမာဓိလူကြီးမင်းများ မပါဝင်သည့် တရားခွင်ကို တနင်္လာနေ့ မနက်ပိုင်းတွင် စတင်မည်ဖြစ်ပြီး ငါးရက် ကြာမြင့်မည်ဖြစ်သည်။ နှစ်ဘက်လုံးက ၎င်းတို့၏ ခုံသမာဓိ တရားခွင် အခွင့်အရေးကို စွန့်လွှတ်ခဲ့ကြသည်။

 

တရားစွဲသူများနှင့် Thang တို့၏ နှစ်ဘက်ရှေ့နေများက မှတ်ချက်ပေးရန် တောင်းဆိုမှုကို မကြောင်းမပြန်ခဲ့ကြပါ။

 

ကိုးကား - Reuters

 

ပုံစာ - ဩဂုတ်လ ၂၂ ရက် ၂၀၁၈ ခုနှစ် တက်ကဆက်ပြည်နယ်၊ မဒ်လန်မြို့မှ ရေနံမြေတစ်ခု။ (Photo: REUTERS/Nick Oxford//File Photo)

 

Burma Associated Press

Myanmar
Migrant
Entrepreneur
American
court

Share With
bap-logo