bap-logo
Politics

ဝန်ကြီးတစ်ဦးအပါအဝင် လေးဦးနှင့် မြန်မာသို့ လက်နက်တင်သွင်းသူများကို EU အရေးယူ

AWHF1mVZTkYEN4YIZkZTd-image

လွန်ခဲ့သော ၂ နှစ် က

 

မြန်မာစစ်တပ်က ခန့်အပ်ထားသော လူပုဂ္ဂိုလ်လေးဦး၊ ၎င်းတို့၏ စစ်တပ်နှင့် စစ်တပ်သုံးကိရိယာများ တင်သွင်းသည့် ကုမ္ပဏီနှစ်ခုတို့ကို ပိတ်ဆို့အရေးယူမှုစာရင်းသို့ တနင်္လာနေ့တွင် ဥရောပသမဂ္ဂက ထည့်သွင်း လိုက်သည်။

 

ဝန်ကြီးတစ်ဦး၊ နစက ကောင်စီအဖွဲ့ဝင်နှစ်ဦး၊ ကယားပြည်နယ်တွင် အရပ်သားများကို လေကြောင်း တိုက်ခိုက်မှုအတွက် တာဝန်ရှိသူ တပ်မှူးတစ်ဦးတို့ ပါဝင်သည်။

 

လက်နက်နှင့် လက်နက်ကိုင်တပ်ဖွဲ့များ အသုံးပြုသော အခြားကိရိယာများ တင်သွင်းသည့် Star Sapphire ကုမ္ပဏီအုပ်စုနှင့် Royal Shune Lei ကုမ္ပဏီလီမိတက်တို့ကိုကိုလည်း ကန့်သတ်အရေးယူလိုက်သည်။

 

အရေးယူမှုစာရင်းတွင် ပါဝင်သူတို့၏ ငွေကြေးများကို ထိန်းချုပ်ကန့်သတ်လိုက်ပြီး ဥရောပနိုင်ငံများသို့ ခရီးသွားခွင့် ပိတ်ပင်လိုက်သည်။

 

ကိုးကား - Reuters

ပုံစာ - မတ်လ ၂၇ ရက် ၂၀၂၁ ခုနှစ် နေပြည်တော် တပ်မတော်နေ့ချီတက်မှုမှ စစ်အာဏာရှင် မင်းအောင်လှိုင်။ (Photo: REUTERS/Stringer/File Photo)

 

Burma Associated Press

EU
sanction
Myanmar

Share With
bap-logo