bap-logo
Politics

မြန်မာဆက်သွယ်ရေးအလိမ်အညာဂိုဏ်းများမှ ခေါင်းဆောင် ၁၀ ဦးကို တရုတ်ဝရမ်းထုတ်

xwjyyhlwP03qG7QTp1hZd-image

လွန်ခဲ့သော ၂ နှစ် က

 

မြန်မာနိုင်ငံ ရှမ်းပြည်နယ် ကိုးကန့်ဒေသတွင် ဆက်သွယ်ရေးအလိမ်အညာလုပ်ငန်းများ လုပ်ကိုင်နေသော အဓိက ဂိုဏ်းခေါင်းဆောင် ၁၀ ဦးကို တရုတ်အာဏာပိုင်များက ဖမ်းဆီးရန် ဝရမ်းထုတ်လိုက်ပြီး ဆုငွေအမြောက်အများ ပေးမည်ဟုလည်း ကမ်းလှမ်းလိုက်သည်ဟု တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုဝါဒဖြန့်ချိရေးဌာနမှ ပိုင်ဆိုင်သည့် China Daily သတင်းတွင် ဖော်ပြထားသည်။

 

ရဲတပ်ဖွဲ့က သံသယရှိသူများ၊ အစုအဖွဲ့ဖြင့် ရာဇဝတ်မှု စီစဉ် ကျူးလွန်သည့် မိသားစုများကို အဖမ်းခံရန်နှင့် တရားဥပဒေကို ရင်ဆိုင်ရန် တောင်းဆိုလိုက်ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ကြေငြာသည်။ ဆုငွေ ၁၀၀,၀၀၀ ယွမ် (အမေရိကန်ဒေါ်လာ ၁၃,၇၀၀) မှ ၅၀၀,၀၀၀ ယွမ် အထိ အရေးပါသည့် သတင်းပေးသူ၊ ကူညီပေးသူ တစ်ဦးချင်းစီကို ပေးအပ်မည်ဟုလည်း ကမ်းလှမ်းလိုက်သည်ဟု ဖော်ပြထားသည်။

 

ထုတ်ပြန်ချက်တွင် အခြေအနေ၏ အရေးပါမှုကိုလည်း "ရာဇဝတ်မိသားစုဂိုဏ်းများ” သည် တရုတ်နိုင်ငံသား များကို ပစ်မှတ်ထားသည့် ကျယ်ပြန့်ပြီး ကာလကြာရှည်စွာ ဆက်သွယ်ရေး လိမ်ညာမှုများကို ကျူးလွန် နေခဲ့သည်ဟု ဖော်ပြထားသည်။ ၎င်းတို့သည် ၎င်းတို့၏ တရားမဝင်လှုပ်ရှားမှုများကို ကာကွယ်ရန် လက်နက်များ ပြောင်ပြောင်တင်းတင်း ကိုင်ဆောင်ထားကြောင်း၊ များပြားသည့် ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်စေကြောင်း၊ အများပြည်သူဒေါသထွက်စေရန်လုပ်ဆောင်နေကြောင်း စွပ်စွဲထားသည်။

 

၎င်းစစ်ဆင်ရေးသည် နိုဝင်ဘာလ ၂၀၂၃ ခုနှစ် မြီရှောက်ချန်းခါင်းဆောင်သည့် မိသားစုဂိုဏ်းမှ ခေါင်းဆောင် လေးဦးကို ဖမ်းဆီးရန် ဝရမ်းထုတ်ပြန်ခဲ့ပြီး နောက်ဆက်တွဲ စစ်ဆင်ရေးဖြစ်သည်။ မြန်မာအာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မဖမ်းဆီးမီ မြီသည် မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း၊ အခြား သုံးဦးကို ဖမ်းဆီးပြီး တရားဥပဒေအတိုင်း ဆောင်ရွက်နေကြောင်း China Daily တွင် ဖော်ပြထားသည်။

 

ပစ်မှတ်အသစ်အနေဖြင့် သံသယံရှိသူများမှာ မတူညီသည့် မိသားစုအခြေခံ အလိမ်အညာလုပ်ငန်း သုံးခုမှ ခေါင်းဆောင် ပယ်ဆောက်ချိန်၊ ဝေ့ဟွိုင်ရင်၊ လီကျိန်းချန် နှင့် ရွှီလောက်ဖာ ဦးဆောင်သော ထပ်တိုးအဖွဲ့လည်း အပါအဝင်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။ Liaoning Fujian Chongqing ရဲတပ်ဖွဲ့များ၏ စုဆောင်းရှိသည့် သက်သေအထောက်အထားများက ၎င်းဂိုဏ်းများသည် တရုတ်နိုင်ငံသားများကို ကာလကြာရှည်စွာ လိမ်လည် ပြီး လူသတ်မှုများ၊ လက်ရောက်ကျူးလွန်တိုက်ခိုက်မှုများနှင့် ပြန်ပေးဆွဲမှုများအပါအဝင် အကြမ်းဖက် ရာဇဝတ်မှုများတွင် ပါဝင်ပတ်သတ်နေသည်ဟု ဖော်ပြထားသည်။

 

သံသယရှိသူ ၁၀ဦး အနက် ရှစ်ဦးမှာ အမျိုးသားများဖြစ်ပြီး နှစ်ဦးမှာ အမျိုးသမီးများဖြစ်သည်။ ၎င်းတို့အနက် ခြောက်ဦးမှာ တရုတ်မြို့တော်များတွင် လိပ်စာ မှတ်ပုံတင်ထားသည်ဟု ဆိုသည်။

 

ဝရမ်းထုတ်ခံရသူတို့၏ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

 

Dalian ပြည်သူလုံခြုံရေးဗျူရို (Liaoning):

- ပယ်ဆောက်ချိန်၊ ၇၄ နှစ်၊ ကိုးကန့်ဒေသ ဥက္ကဌဟောင်း။

- ပယ်ရင်ကန်း () Li Yunchen၊ ၃၁ နှစ်၊ ကိုးကန့်ပြည်သူ့စစ် တပ်ဖွဲ့မှူး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဗျူရို ဒုတိယညွှန်ကြားရေးမှူး၊ Cangsheng sci-tech park ဥက္ကဌ။

- ပိုင်ရင့်လန် () Li Mengna၊ ၄၃ နှစ်၊ Xinbaili အုပ်စု ဥက္ကဌ။

 

Quanzhou ပြည်သူ့လုံခြုံရေးဗျူရို (Fujian):

- ဝေ့ဟွိုင်ရင်၊ ၆၅ နှစ်၊ ၁၀၀၆ နယ်ခြားစောင့်တပ် ကြီးကြပ်ရေးကော်မတီ ဥက္ကဌ။

- ဝေချင်းဆုန် () Yang Song၊ ၄၁ နှစ်၊ ၁၀၀၆ နယ်ခြားစောင့်တပ် ကြီးကြပ်ရေးကော်မတီဝင်။

- ဝေ့ယွန်း () Chen Rong၊ ၃၅ နှစ်၊ ကိုးကန့်ဒေသ Hengli အုပ်စု အမျိုးသမီးဥက္ကဌ။

 

Longyan ပြည်သူ့လုံခြုံရေးဗျူရို (Fujian):

- လျိုကျင့်ရှန်၊ ၆၀နှစ်၊ ကိုးကန့် မြို့ပြဖွံ့ဖြိုးရေးဗျူရို ညွှန်ကြားရေးမှူး၊ ဖူလီလိုင်အုပ်စု ဥက္ကဌ။

- လျိုကျီကွမ် () Li Huaguang၊ ၃၀နှစ်၊ ကိုးကန့် ကျန်းမာရေးဗျူရို ညွှန်ကြားရေးမှူး၊ ဖူလီလိုင်အုပ်စု အမှုဆောင်ညွှန်ကြားရေးမှူး။

- လျိုကျင့်မောင်၊ ၄၁ နှစ်၊ ဖူလီလိုင်အုပ်စု အထွေထွေ မန်နေဂျာ။

 

Chongqing Municipal Public Security Bureau:

- ရွှီလောက်ဖာ () Xu Faqi ၅၂ နှစ်၊ ကိုးကန့်ဒေသ မြို့နယ် ခေါင်းဆောင်။

 

ကိုးကား - China Daily

 

ပုံစာ - မြန်မာနိုင်ငံမြောက်ပိုင်း ဆက်သွယ်ရေးအလိမ်အညာကွန်ရက်များ ဖြိုခွင်းစဉ် မြန်မာအာဏာပိုင်များက တရုတ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့သော သံသယရှိသူတစ်ဦး။ (Photo: တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန)

 

Burma Associated Press

Myanmar
telecoms fraud
Warrant
china

Share With
bap-logo