bap-logo
Politics

‘အာသံသည် မည်သည့်အခါကမျှ မြန်မာ့ပိုင်နက် အစိတ်အပိုင်းမဟုတ်’ ဟု အာသံဝန်ကြီးချုပ်ပြော

31qkUN9B9XHOsZgwVM9-T-image

လွန်ခဲ့သော ၂ နှစ် က

ဒီဇင်ဘာ ၅ ရက်နေ့က အကြီးတန်းတရားလွှတ်တော်ရှေ့နေ Kapil Sibal အာသံပြည်နယ်သည် သမိုင်းကြောင်းအရ မြန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟူသော အရေးဆိုချက်ကို အာသံပြည်နယ်ဝန်ကြီးချုပ် Himanta Biswa Sarma က အာသံပြည်နယ်သည် မည်သည့်အခါကမျှ မြန်မာ့အစိတ်အပိုင်းမဟုတ်ခဲ့ဟု အပြင်းအထန် ချေပပြောဆိုလိုက်သည်။

 

အကြီးတန်းတရားလွှတ်တော်ရှေ့နေ Kapil Sibal နိုင်ငံတော်တရားရုံးချုပ်သို့ အာသံအရေး တင်သွင်းချက်ကို အာသံဝန်ကြီးချုပ်က တုန့်ပြန်လိုက်ခြင်းဖြစ်သည်။ Sibal ကို ထိုးနှက်သည့်အနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်က "စိုးရိမ်ဖွယ်အကြောင်းအရာအပေါ် အသိပညာဗဟုသုတနည်းပါးသူ တစ်ဦးက ခိုင်မာသည့် ထင်မြင်ယူဆချက်ပေးခြင်းသည် မသင့်လျော်ကြောင်း၊ အာသံသည် မြန်မာ၏ အစိတ်ပိုင်း မည်သည့်အခါကမျှ မဟုတ်ခဲ့ကြောင်း၊ အာသံသို့ မြန်မာမှ ပြောင်းရွှေ့နေထိုင်သူများ သည် အကြမ်းဖက်ထိပ်တိုက်ရင်ဆိုင်မှုဆီသို့ ဦးတည်နေကြောင်း၊ လပိုင်းခန့်မျှ ကာလတို သိမ်းပိုက်ခဲ့ ခြင်းသာ ရှိကြောင်း၊ ၎င်းအချက်မှအပ အာသံနှင့် မြန်မာအကြား ဆက်နွယ်ချိတ်ဆက်မှုမရှိကြောင်း၊ အာသံနှင့် မြန်မာဆက်နွယ်ချိတ်ဆက်မှုအတွက် ခိုင်လုံသည့် အချက်အလက် မရှိကြောင်းပြော သည်။

 

Kapil Sibal တင်သွင်းချက်

 

ဒီဇင်ဘာ ၅ ရက်နေ့တွင် နိုင်ငံတော် တရားရုံးချုပ်က ၁၉၅၅ ခုနှစ် နိုင်ငံသားဥပဒေ ပုဒ်မခွဲ ၆က တရားဝင်ဆီလျော်မှုကို စိန်ခေါ်သည့် တောင်းဆိုလွှာအများအပြားကို ကြားနာခဲ့သည်။ ငြိမ်းချမ်းရေး စာချုပ်အရ ဗြိတိသျှတို့ကို လွှဲပြောင်းမပေးမီ အာသံသည် မူလက မြန်မာနိုင်ငံ၏ အစိတ်အပိုင်း ဖြစ်ကြောင်း စစ်ဆေးကြားနာမှုများအတွင်း ခုခံကာကွယ်သူ တရားပြိုင်များအတွက် ကိုယ်စားပြု လိုက်ပါဆောင်ရွက်ပေးစဉ် အကြီးတန်းတရားလွှတ်တော်ရှေ့နေ Kapil Sibal က ပြောဆိုခဲ့သည်။

 

ကြားနာမှုအတွက် အကြီးတန်းတရားလွှတ်တော်ရှေ့နေ Kapil Sibal သည် ခုခံကာကွယ်သူ တရားပြိုင်များကို ကိုယ်စားပြုဆောင်ရွက်ပေးခဲ့ပြီး သမိုင်းလေ့လာချက်များကို ကိုးကားကာ အာသံ ၏ သမိုင်းဝင် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကို အလေးပေးပြောကြားခဲ့ပြီး၊ အာသံသည် ဗြိတိသျှ အုပ်ချုပ်မှုအောက် နောက်ပိုင်းအုပ်ချုပ်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ကြောင်းနှင့် ပိုင်းခြားပြီး နောက်ပိုင်း အရှေ့ဘင်္ဂါလားနှင့် တွဲဖက်ထားရှိခဲ့သည်ဟု ဆက်လက်အရေးဆိုခဲ့သည်။

 

ကိုးကား - The Free Press Journal

Assam Chief Minister Himanta Biswa Sarma | ANI

 

Assam
Himanta Biswa Sarma
Myanmar

Share With
bap-logo