bap-logo
Data

စစ်အာဏာသိမ်းပြီး နှစ်နှစ်တာအတွင်း ကရင်မှာ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့

7jEP03lygOeJOGAUudXWx-image

လွန်ခဲ့သော ၂ နှစ် က

အာဏာသိမ်းပြီး နှစ်နှစ်တာအတွင်း ကရင်ပြည်နယ်မှာ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာ နှင့် မူဝါဒလေ့လာရေး အင်စတီကျု-ISP Myanmarက ထုတ်ပြန်ထားပါတယ်။

 

နိုင်ငံအဝှမ်း တိုက်ပွဲပေါင်း ၉,၃၄၇ ကျော် ဖြစ်ပွားခဲ့ပြီး ၅၄ ရာခိုင်နှုန်းဟာ ကရင်ပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

 

ကရင်ပြည်နယ်မှာ တိုက်ပွဲ ငါးထောင်ကျော် ဖြစ်ပွားခဲ့ပြီး နိုင်ငံအဝှမ်း တိုက်ပွဲစုစုပေါင်းရဲ့ ၄၅ ရာခိုင်နှုန်းဟာ ဖာပွန်မှာ ဖြစ်ခဲ့တယ်လို့ ISP Myanmarက ဆိုပါတယ်။

 

စစ်ကိုင်းတိုင်းမှာ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ဖြစ်ပွားခဲ့သလို့ ဒုတိယအများဆုံး တိုက်ပွဲဖြစ်ပွားတဲ့ ဒေသ လည်း ဖြစ်ပါတယ်။

 

နှစ်နှစ်တာကာလအတွင်း နိုင်ငံတဝှမ်း မြို့နယ်ပေါင်း ၃၃၀ ခုထဲက ၂၀၅ ခုထက်မနည်းတဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

 

၂၀၂၃ ခုနှစ်ရဲ့ ပထမ လေးလပတ်အတွင်းမှာပဲ မြို့နယ် ၁၁၅ ခုမှာ တိုက်ပွဲပေါင်း ၁,၄၀၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခံရမှု ၄၄၂ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။

 

တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့် ယခုနှစ်လေးလအတွင်းမှာပဲ ထင်ရှားတဲ့ ပဇီကြီး ဖြစ်စဉ်အပါအဝင် အရပ်သား သေဆုံးမှု ၆၉၃ ဦးထက်မနည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ကတဆင့် သိရပါတယ်။

 

စစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့နောက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံထက်မနည်း တန်ဖိုးရှိတဲ့ လက်နက် တွေကို ဝယ်ယူခဲ့တယ်လို့လည်း မေလ ၁၇ ရက်ထုတ် ကုလအစီရင်စာက ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ- ကင်းစောင့်နေသည့် KNLA တပ်သားတစ်ဦး

 

Burma Associated Press

Karen
conflict
Myanmar
Coup
Min Aung Hlaing

Share With
bap-logo