bap-logo
Politics

မဆုတ်မနစ် ရွပ်ရွပ်ချွံချွံခုခံသော်လည်း KIA ထံ စခန်းနှစ်ခု လက်လွှတ်ရဟု စစ်တပ်က ဝန်ခံ

6jQz-FiMC4QcHxbu0za9Q-image

လွန်ခဲ့သော ၂ နှစ် က

အောက်တိုဘာ ၂၁။

 

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ဒေသတွင် KIA က အင်အားအလုံးအရင်း ဖြင့် တိုက်ခိုက်ခဲ့ သည့်အတွက် မဆုတ်မနစ် ရွပ်ရွပ်ချွံချွံ ခုခံသည့်ကြားမှ စခန်းနှစ်ခု လက်လွှတ်ခဲ့ရသည်ဟု အာဏာသိမ်းစစ်တပ်က ဝန်ခံ လာခဲ့သည်။

 

အာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံး တိုက်ပွဲပေါင်း သောင်းနှင့်ချီ (၁၀,၁၁၅ - source : ISP Myanmar) ဖြစ်ပွားနေသည့် အချိန်တွင် ယင်းတို့၏ စခန်း နှစ်ခုစွန့်လွှတ်ခဲ့ရသည်ဟု စစ်တပ်က ဝန်ခံလာခြင်းမှာ ကြုံတောင့် ကြုံခဲပင်ဖြစ်သည်။

 

KIA တပ်မဟာ () လက်အောက်ခံတပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များက အောက်တိုဘာ ၁၉ ရက် နံနက် နာရီခွဲခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင်၊ မုံးကိုးမြို့၏ အနောက် တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ နမ့်ကွတ်စခန်းအား နေရာ () နေရာမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု စစ်တပ်ဘက်က ဆိုသည်။

 

ထိုသို့ တိုက်ခိုက်လာရာ စခန်းရှိလုံခြုံရေးတပ်ဖွဲ့ဝင်များက မဆုတ်မနစ် ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သော်လည်း သောင်းကျန်းသူ ( စစ်တပ်က ဖော်ပြချက်သည့် အသုံးအနှုန်းသာ ဖြစ်သည်) အင်အား များပြားလာမှုကြောင့် ညနေ နာရီခွဲခန့်တွင် စခန်းမှခေတ္တ ဆုတ်ခွာခဲ့ရသည်ဟုဆိုသည်။

 

ထို့အပြင် KIA ဌာနချုပ် လိုင်ဇာ၏ ရှေ့ကာနေရာဖြစ်သော မိုက်ဆာပါတွင် အခြေပြုလျက်ရှိသည့် KIA အဖွဲ့များက ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ရွာအနီးရှိ ဗန်းမော်-ဝိုင်းမော် ကားလမ်းထိန်း စခန်းအဖြစ် ဆောင်ရွက် လျက်ရှိသည့် လဲလုံစခန်းအား ယခုနှစ် ဇူလိုင် ရက်မှစ၍ အောက်တိုဘာ ၂၀ ရက်နေ့အထိ (၈၁) ကြိမ်တိုင် တိုက်ခဲ့ခဲ့ပြီးနောက် ယမန်နေ့ အောက်တိုဘာ ၂၀ ရက်နေ့ မွန်းလွဲ နာရီခန့်တွင် ဆုတ်ခွာ ပေးလိုက်ရသည်ဟုဆိုလာသည်။

 

တိုက်ပွဲများအတွင်း KIA တပ်ဖွဲ့ဝင် အလောင်းအချို့နှင့်အတူ သိမ်းဆည်းရခဲ့မှု ရှိသည်ဟုလည်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင်ဖော်ပြထားသည်။

 

ပုံစာ - ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှေ့တန်းတစ်နေရာတွင်တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး

 

Burma Associated Press

Military
SAC
KIA

Share With
bap-logo