bap-logo
Politics

အာဏာသိမ်းပြီးနောက် ကရင် BGF က ရာဇ၀တ်လုပ်ငန်းများ ပြန်လည် လုပ်ကိုင်နေဟု NUG ဆို

hr2aBJp3bqgHhUsQ8AWmf-image

လွန်ခဲ့သော ၂ နှစ် က

BAP၊ အောက်တိုဘာ ၁၉။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ရှိနယ်ခြားစောင့်တပ်က ရာဇ၀တ်လုပ်ငန်းများကို ပြန်လည် လုပ်ကိုင်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ဆိုသည်။

 

လူကုန်ကူးမှု၊ ငွေကြေးလိမ်လည်မှုများ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းများနှင့် စပ်လျဉ်းသည့် အောက်တိုဘာ ၁၇ ရက် က ထုတ်ပြန်ချက်တွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

 

စစ်တပ်အာဏာသိမ်းမှုကြောင့် NLD အစိုးရ၏ ကရင်ရှိ စည်းကမ်းမဲ့၊ တရားမဝင် ကာစီနိုလုပ်ငန်းများ ပိတ်သိမ်းခဲ့ခြင်းနှင့် အစောပိုင်းပြဿနာများကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်း၍ ဖြေရှင်းရန် ကြိုးပမ်းချက်များကို ပျက်စီးခဲ့ရသည်ဟု NUG က ဆိုသည်။

 

ကုလသမဂ္ဂ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် အနည်းဆုံး လူပေါင်း ၁၂၀,၀၀၀ ခန့်သည် အွန်လိုင်းမှတဆင့် လိမ်လည်မှုများကို လုပ်ဆောင်ရန် အတင်းအကြပ် ဖိအားပေးစေခိုင်းခံနေကြရသည်။

 

စစ်တပ်သည် ၎င်း၏ အကြီးမားဆုံးဝင်ငွေအရင်းအမြစ်အဖြစ် အွန်လိုင်း လိမ်လည်မှုများတွင် ထဲထဲ ဝင်ဝင် ပါဝင်ပတ်သက်နေပြီး ယင်းအချက်က အဆိုပါ ရာဇ၀တ်မှုများကို ဖြိုခွဲခြင်းမပြုရသည့် အကြောင်းရင်းတစ်ရပ် ဖြစ်သည်ဟု NUGက ဆိုသည်။

 

လက်ရှိဖြစ်ပွားနေသည့် အကျပ်အတည်း အခြေအနေများအတွက် စစ်တပ်ကိုသာ အပြစ်တင်ရမည်ဟု NUG က အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကရင်နယ်ခြားစောင့်တပ်ကို ယင်းတို့၏ တရားမဝင်လုပ်ငန်းများနှင့် ပတ်သတ် ကာ NLD အစိုးရလက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၁ ဇန်နဝါရီလတို့တွင် သတိပေးမှုများရှိခဲ့သည်။

 

အဆိုပါ သတိပေးခံရမှုတွင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ တပ်ရင်း ၁၀၂၂ တပ်ရင်းမှူး ဗိုလ်မှူးစောမုတ်သုန်၊ ဗိုလ်မှူးစောတင်ဝင်း တို့ပါဝင်ခဲ့သည်။

 

အဆိုပါကိစ္စနှင့်ပတ်သတ်၍ BGF ခေါင်းဆောင်ပိုင်း၏ မကျေမနပ်ဖြစ်မှုကို အခြေခံ၍ ခေါင်းဆောင်ပိုင်း အပါဝင် တပ်ရင်းတပ်ဖွဲ့များအားလုံး ၂၀၂၁ ဇန်နဝါရီလ ၁၄ ရက်က နုတ်ထွက်စာတင်သဖြင့် စစ်တပ်က ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့သည်။

 

ပုံစာ - ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး

Burma Associated Press

NUG
Online fraud
BGF
Karen

Share With
bap-logo