bap-logo
Politics

တရုတ်ဖိအားကြောင့် UWSA အရာရှိနှစ်ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ် လာရ

cnM0dDEczPEyjq8DzlhPp-image

လွန်ခဲ့သော ၂ နှစ် က

အောက်တိုဘာ ၁၉။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတွင် Online လိမ်လည်မှုများနှင့် ဆက်စပ် နေသူ UWSA အရာရှိ နှစ်ဦးကို စစ်ကောင်စီ၏ ဟိုပန်ခရိုင်တရားရုံးက အောက်တိုဘာ ၁၇ ရက်က ဖမ်းဝရမ်းထုတ်လိုက်သည်။

 

ဖမ်းဝရမ်းထုတ်ခံရသူနှစ်ဦးမှာပြည်သွေးစည်းညီညွတ်ရေးအဖွဲ့-UWSA က မိုင်းလင်းခရိုင်မှူးနှင့် လက်ရှိပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနမှူး တို့ ဖြစ်ကြောင်း သိရသည်။

 

ထိုလူပုဂ္ဂိုလ်နှစ်ဦးကို အလိုရှိနေသည့် တရုတ်အစိုးရ၏ ဖိအားကြောင့်ပြည်သွေးစည်းညီညွတ်ရေး အဖွဲ့(UWSA)က ၎င်းတို့နှစ်ဦးကို အဖွဲ့မှ ထုတ်ပယ်ခဲ့ပြီးနောက်တွင်မှ စစ်ကောင်စီဘက်က ထိုသို့ ထုတ်ပြန်လာ ခြင်းဖြစ်သည်။

 

နိုင်ငံတကာနှင့် နိုင်ငံရေးအရ ယုံကြည်မှုနှင့် မိတ်ဆက် ဆက်ဆံရေးကို ထိခိုက်စေတာကြောင့် ရာထူးကနေ ထုတ်ပယ်သည်ဟု UWSA ကဆိုသည်။

 

အဆိုပါ UWSA အရာရှိနှစ်ဦးကနယ်မြေအတွင်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ ခြောက်လှန့်တောင်းယူမှုများ ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း၊ အားပေးကူညီ ခြင်းများကို ကျူးလွန်နေသည်ဟုလည်း စစ်ကောင်စီသတင်းများက ဖော်ပြသည်။

 

၎င်းတို့နှစ်ဦးကို Online လိမ်လည်မှုများကြောင့် တရုတ်ရဲတပ်ဖွဲ့ကလည်း ဖမ်းဝရမ်းထုတ်ထားသည်။

 

ဓာတ်ပုံ - လူမှုကွန်ရက်

Burma Associated Press

United Wa State Army
Online fraud
China
Police
warrant

Share With
bap-logo