bap-logo
Local News

စစ်အုပ်ချုပ်ရေးကြေညာပြီး ၂၄ နာရီအတွင်း စစ်တပ်က အရာတော်ကို လေကြောင်းပစ်ခတ်မှု ပြုလုပ်ခဲ့

6_EmFftM3oPJ4-6gmdlAj-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ - ၂၃

 

စစ်ကိုင်းတိုင်း အရာတော်မြို့ကို စစ်အုပ်ချူပ်ရေး သတိမှတ်ပြီး ၂၄ နာရီအတွင်း စစ်ကောင်စီက လေကြောင်းပစ် ခတ်မှုများနှင့် အင်အားဖြည့်တင်းမှုများကိုလုပ်ဆောင်နေကြောင်း တော်လှန်ရေး အင်အားစုများနှင့် ဒေသခံ များက ပြောသည်။

 

စစ်ကောင်စီက မနေ့က စစ်ကိုင်းတိုင်းအတွင်းရှိ အရာတော်၊ ရွှေဘို၊ ဝက်လက်ကို စစ်အုပ်ချူပ်ရေးအဖွဲ့ တိုးချဲ့သတ်မှတ်ခဲ့သည်။

 

ယနေ့ နေ့လယ် နာရီလောက်ကစပြီး စစ်ကောင်စီက အရာတော် တောင်ပိုင်း ကံရင်း၊ မလဲသာ၊ ညောင်ပင်ကျေးရွာ တဝိုက်တွင် လေကြောင်းဖြင့် အင်အားဖြည့်တင်းခြင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း အရာတော် ပကဖက ထုတ်ပြန်ထားသည်။

 

ယင်းအတွက်ကြောင့် ပြည်သူလူထုလုံခြုံရေးအတွက် အရာတော်မြို့နယ်တွင်း ဖြတ်သန်းသွားလာရသည့် လမ်းမများအား အသုံးပြုခြင်းကို ယာယီရပ်နားထားကြရန် ဆိုထားသည်။

 

စစ်တပ်က အရာတော်မြို့နယ်အတွင််း အင်တာနက်လိုင်းများကို ဖြတ်တောက်ထားသလို ကျေးရွာတွေကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဒေသခံများကပြောသည်။

 

Burma Associated Press

SAC
Martial Law
Sagaing
Military
Air Attack
LPDF

Share With
bap-logo