bap-logo
Data

(၁၁၁၁) စစ်ဆင်ရေးအတွင်း တပ်စခန်း ၆၅ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ကရင်နီဒေသ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်တား

5sBDMDNQrpWcb4_RVNiIw-image

လွန်ခဲ့သော တစ်နှစ် က

ကရင်နီ၊ မတ် ၂၃။

 

ကရင်နီပြည်တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစတင်ခဲ့သည့် (၁၁၁၁) စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ၏ တပ်စခန်းကြီး/ငယ် ပေါင်း ၆၅ ခုကို တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသတစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ခဲ့သည်ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ထုတ်ပြန်လာသည်။

 

ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များမှ သိမ်းပိုက်နိုင်ခဲ့သော စစ်ကောင်စီတပ်စခန်းများမှာ လွိုင်ကော် မြို့နယ်တွင် စခန်း (၁၂) ခု၊ဒီးမော့ဆိုမြို့နယ်တွင် စခန်း(၁၃) ခု၊ဖားဆောင်မြို့နယ်တွင် စခန်း (၉) ခု၊ ဘောလခဲမြို့နယ်တွင် စခန်း(၅) ခု၊ ရှားတောမြို့နယ်တွင် စခန်း (၇) ခု၊ ဖယ်ခုံမြို့နယ်တွင် (၁၇)ခု နှင့် မယ်စဲ့မြို့နယ်တွင် ( ၁)ခု၊ ဖရူဆိုမြို့နယ်တွင် (၁) ခု စုစုပေါင်း တပ်စခန်း (၆၅) ခုဖြစ်သည်။

 

ထို့အပြင် မယ်စဲ့၊ဒီးမော့ဆို၊ ရွာသစ်၊ရှားတောနှင့်မော်ချီး၊မိုးဗြဲ ၊နန်းဖယ်ခုံ၊ စသောမြို့(၇)မြို့ ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့ပြီး (၁၁၁၁) စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီမှ စွန့်ခွာ တပ်ဆုတ်သွားသော စခန်း (၁၆) ခုရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။

 

ဓာတ်ပုံ- KNDF

 

Burma Associated Press

 

KNDF
Karenni

Share With
bap-logo