bap-logo
Politics

စစ်ခေါင်းဆောင်က ယာယီသမ္မတတာဝန်ကိုပါ ယူလိုက်ကြောင်း စစ်ကောင်စီကြေညာ

5LaDDFfA9AqFvn4xPFyof-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၂၂

 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကျန်းမာရေးမကောင်းလို့ ခွင့်ယူထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ တာဝန်တွေကို လွှဲပြောင်းယူလိုက်တယ်လို့ စစ်ကောင်စီရဲ့ မီဒီယာတွေက ကြေညာခဲ့ပါတယ်။

 

ဦးမြင့်ဆွေ ဆေးခွင့်ယူထားတဲ့အချိန်နဲ့ တာဝန်လစ်ဟင်းနေတဲ့အချိန်တွေမှာ ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ကိစ္စတွေကို ဆောင်ရွက်ဖို့အတွက် ယာယီသမ္မတရဲ့ တာဝန်၀တ္တရားများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံကို တနင်္လာနေ့မှာ လွှဲအပ်ခဲ့တာလို့ သတင်းကဆိုပါတယ်။

 

ဦးမြင့်ဆွေအနေနဲ့ နှစ်စကတည်းက အာရုံကြောရောဂါတွေ ခံစားနေရပြီး ကျန်းမာရေးတိုးတက်ကောင်းမွန်မှုမရှိကြောင်း စစ်ကောင်စီက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကြေညာပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ စစ်ခေါင်းဆောင်က ယာယီသမ္မတတာဝန်ကို လွှဲပြောင်းယူခဲ့တာပါ။

 

ပြီးတော့ အရေးပေါ်အုပ်ချုပ်ရေးသက်တမ်းခြောက်လပြည့်ခါနီး ကာလုံအစည်းအဝေးခေါ်ဖို့ နီးကပ်လာချိန်မှာ ခုလိုလွှဲပြောင်းမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

 

Burma Associated Press

Min Aung Hlaing
Acting President

Share With
bap-logo