bap-logo
Data

စစ်အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီဝင် နှစ်ထောင်နီးပါး ဖမ်းဆီးခံရပြီး ၉၇ ဦး သတ်ဖြတ်ခံရ

4Bnz9DYT7V_LKdhAP09PU-image

လွန်ခဲ့သော ၂ နှစ် က

စက်တင်ဘာ ၂၇။

စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ပါတီဝင် ,၇၆၉ ဦး ဖမ်းဆီးခံရပြီး ၉၇ ဦး သတ်ဖြတ်ခံထားရသည်ဟု NLD တည်ထောင်ခြင်း ၃၅ နှစ်ပြည့် စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်သည်။

 

တစ်နိုင်ငံလုံးအနေဖြင့် ပြည်သူပေါင်း ၁၅,၈၃၈ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ဖမ်းဆီးနှိပ်စက် အသတ်ခံရသည့် ပြည်သူပေါင်း ,၀၁၁ ဦး ရှိသည်ဟုလည်း ထုတ်ပြန်ချက်ကတဆင့် သိရသည်။

 

စစ်ကောင်စီဟာ အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း ပြည်သူ ၆၈၈ ဦး၏ ပိုင်ဆိုင်မှုပစ္စည်းများအား ချိပ်ပိတ် သိမ်းဆည်းခဲ့မှုတွင် NLD ပါတီဝင် ၃၇၃ ဦး၏ ပိုင်ဆိုင်မှုများလည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

 

ဒါ့အပြင် NLDဗဟိုရုံးချုပ်အပါအဝင် အဆင့်ဆင့်သော အဖွဲ့ချုပ်ရုံးများ ကျူးကျော်ခံရပြီး ပစ္စည်းများကို ခိုးယူသယ်ထုတ်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ၁၆၀ ကြိမ် ရှိခဲ့သည်ဟုလည်း အသိပေးထားသည်။

 

NLD အနေဖြင့် ဒေသအလိုက် တော်လှန်ရေးအင်အားစုများအပြင် စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မရှိသည့် နိုင်ငံရေးပါတီများနှင့် ထိတွေ့ဆက်ဆံနေပြီး ဖက်ဒရယ်ဒီမိုကရေစီရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွား ရေးကို လက်တွေ့ကျသည့် နည်းလမ်းများဖြင့် လုပ်ဆောင်လျက်ရှိနေသည်ဟု ဆိုသည်။

 

တစ်ဖက်တွင်လည်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဉ်းအားလုံးလွတ်မြောက်ရေး နှင့် ဦးကျော်မိုးထွန်းကိုသာ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက်အသိအမှတ် ပြုပေးရန် နိုင်ငံတကာအသိုက်အဝန်းများကို တိုက်တွန်းထားသည်။

 

ပုံစာ- ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကြေညာပြီးနောက် NLD ရုံးရှေ့ အောင်ပွဲခံနေကြသူများ

 

Burma Associated Press

NLD
Killed

Share With
bap-logo