International
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် စွမ်းအင်စရိတ်များ မြင့်တက်လာပြီး မတ်လတွင် စားနပ်ရိက္ခာ ဈေးနှုန်းများ အဆမတန် မြင့်တက်ဟု UN ပြော
လွန်ခဲ့သော ၁၂ နာရီ က
BAP ဘာသာပြန်။
အကြီးမားဆုံး မြင့်တက်မှုများမှာ ဟင်းသီးဟင်းရွက်ဆီနှင့် သကြားဈေးနှုန်းများဖြစ်ပြီး ၅ ရာခိုင်နှုန်းနှင့် ၇ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့သည်။
"အိန္ဒိယက စားနပ်ရိက္ခာ အကျပ်အတည်းနဲ့ ရင်ဆိုင်ရတော့မယ်" ဟု အီရန် စစ်ပွဲဖြစ်ပွားနေစဥ်အတွင်း မြေဩဇာပြတ်လပ်မှုအပေါ် အိန္ဒိယလယ်သမားများ စိုးရိမ်ထိတ်လန့်နေသည်။
အရှေ့အလယ်ပိုင်းစစ်ပွဲက ကမ္ဘာတစ်ဝန်း စွမ်းအင်ဈေးနှုန်းများနှင့် ကုန်စည်ပို့ဆောင်ခများကို မြင့်တက်စေသောကြောင့် မတ်လအတွင်း စားနပ်ရိက္ခာဈေးနှုန်းများ သိသိသာသာ မြင့်တက်လာကြောင်း UN အစီရင်ခံစာတစ်ခုက ဆိုသည်။
UN ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ ထုတ်ပြန်သော စားနပ်ရိက္ခာ ကုန်စည်ဈေးနှုန်းညွှန်းကိန်းသည် မတ်လတွင် ၂.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး နှစ်လဆက်တိုက် မြင့်တက်လာခြင်းဖြစ်သည်။
ကောက်နှံ၊ သကြား၊ အသား၊ နို့ထွက်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းများကို ခြေရာခံသည့် အဆိုပါ ညွှန်းကိန်းသည် ဖေဖော်ဝါရီလတွင် ၅ လအတွင်း ပထမဆုံးအကြိမ်အဖြစ် မြင့်တက်ခဲ့သည်။
အကြီးမားဆုံး မြင့်တက်မှုများမှာ ဟင်းသီးဟင်းရွက်ဆီနှင့် သကြားဈေးနှုန်းများဖြစ်ပြီး မတ်လအတွင်း အသီးသီး ၅ ရာခိုင်နှုန်းနှင့် ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
အကယ်၍ အကျပ်အတည်း ဆက်လက်ဖြစ်ပွားနေပါက ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ကမ္ဘာလုံးဆိုင်ရာ ဈေးနှုန်းများသည် ပျမ်းမျှ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ပိုမိုမြင့်တက်လာနိုင်ကြောင်း UN ၏ ခန့်မှန်းချက်များက ဖော်ပြသည်
လောင်စာဆီ၊ မြေဩဇာနှင့် လျှပ်စစ်မီး ဈေးနှုန်းများ မြင့်တက်မှုက စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရေး၊ ထုတ်လုပ်ရေးနှင့် ချက်ပြုတ်ရေးစရိတ်များကို မြင့်တက်စေသောကြောင့် အရှေ့အလယ်ပိုင်းစစ်ပွဲသည် စားနပ်ရိက္ခာ ငွေကြေးဖောင်းပွမှုနှုန်းကို မြင့်တက်စေနိုင်ကြောင်း စိုးရိမ်မှုများရှိနေသည်။
မြေဩဇာထုတ်လုပ်မှု၏ သုံးပုံတစ်ပုံခန့်သည် စစ်ပွဲစတင်ကတည်းက ပိတ်ထားရသကဲ့သို့ဖြစ်နေသည့် အဓိက ရေကြောင်းပို့ဆောင်ရေးလမ်းကြောင်းဖြစ်သော ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို ဖြတ်သန်းသွားလာရသည်။ အကယ်၍ အကျပ်အတည်း ဆက်လက်ဖြစ်ပွားနေပါက ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ကမ္ဘာလုံးဆိုင်ရာ ဈေးနှုန်းများသည် ပျမ်းမျှ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ပိုမိုမြင့်တက်လာနိုင်ကြောင်း UN ၏ ခန့်မှန်းချက်များက ဖော်ပြသည်။
"ကောက်နှံ၊ အသား၊ နို့ထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက်ဆီနဲ့ သကြား စတဲ့ ကုန်စည်အုပ်စုအားလုံးရဲ့ ဈေးနှုန်းညွှန်းကိန်းတွေဟာ အနည်းနဲ့အများဆိုသလို မြင့်တက်လာပါတယ်။ ဒါဟာ အခြေခံဈေးကွက် အခြေအနေတွေကိုသာမက အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေ ကြီးထွားလာတာနဲ့ ဆက်စပ်နေတဲ့ စွမ်းအင်ဈေးနှုန်း မြင့်တက်မှုအပေါ် တုံ့ပြန်မှုတွေကိုပါ ထင်ဟပ်နေပါတယ်" ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ ဂျုံဈေးနှုန်းများသည် မတ်လတွင် ၄.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အဆိုပါအခြေအနေသည် US တွင် ကောက်ပဲသီးနှံအခြေအနေများ ဆိုးရွားလာခြင်းနှင့် မိုးခေါင်မှုစိုးရိမ်ရခြင်းအပြင် မြေဩဇာဈေးနှုန်းများ မြင့်တက်မှုကြောင့် ဩစတြေးလျတွင် စိုက်ပျိုးမှုအဆင့် လျော့ကျသွားခြင်းတို့ကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်ပေါ်ခဲ့ရကြောင်း တွေ့ရှိရသည်။ Europe တွင် ကောက်ပဲသီးနှံအခြေအနေများ ပိုမိုကောင်းမွန်လာခြင်းနှင့် ပြင်းထန်သော ပို့ကုန်ပြိုင်ဆိုင်မှုတို့ကြောင့် ဤအခြေအနေကို တစ်စိတ်တစ်ပိုင်း ပြန်လည်ကာမိစေခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။
ဖြန့်ဝေရန် သိုလှောင်ထားမှု လုံလောက်စွာရှိကြောင်း အစိုးရများက ပြောဆိုနေသော်လည်း အိန္ဒိယ နှင့် သီရိလင်္ကာ ရှိ လယ်သမားများက ရေနံနှင့် မြေဩဇာ ပြတ်လပ်မှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများကို ခံစားနေရသည်။
အီရန် စစ်ပွဲက သူနေထိုင်ရာ Punjab ၏ အေးချမ်းသော ထောင့်လေးတစ်နေရာဆီ ရောက်လာလိမ့်မည်ဟု Gurvinder Singh က မည်သည့်အခါကမျှ မတွေးခဲ့ဖူးပေ။
သို့သော် အိန္ဒိယ ၏ စပါးကျီဟု လူသိများသော ပြည်နယ်အတွင်း ဂျုံနှင့် စပါးကို တစ်လှည့်စီ စိုက်ပျိုးနေသည့် သူ၏ မြေကွက်ငယ်လေးကို လှမ်းကြည့်ရင်း ဤအသက် ၅၂ နှစ်အရွယ် လယ်သမားမှာ အခြား မည်သည့်အရာကိုမျှ မတွေးနိုင်အောင် ဖြစ်နေသည်။ မိုင်ပေါင်းထောင်ချီ ကွာဝေးသော နေရာတွင် ဖြစ်ပွားနေသည့် ပဋိပက္ခအပေါ် သူ၏ စိုးရိမ်ပူပန်မှုက ယခုရာသီ၏ စပါးခင်းအတွက် ဘာဖြစ်လာမည်ကို ကြောက်ရွံ့နေသဖြင့် သူ့ကို အလုပ်မလုပ်နိုင်အောင် ဖြစ်စေသည်။
"ကျွန်တော်တို့ အမြတ်အစွန်းအတွက် ရုန်းကန်နေရတာပါ။" ဟု Singh က ဆိုသည်။ "မြေဩဇာတွေ မရရင် အထွက်နှုန်း နည်းသွားလိမ့်မယ်။ အဲဒါက ကျွန်တော့် မိသားစုတစ်ခုလုံးနဲ့ ဒေသတစ်ခုလုံးကို ထိခိုက်စေပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က စိုက်ပျိုးရေးအပေါ် လုံးလုံးလျားလျား မှီခိုနေရလို့ပါပဲ။"
"ဒီစစ်ပွဲက ကျွန်တော်တို့ကိုလည်း ချမ်းသာပေးမှာ မဟုတ်လို့ ရပ်တန့်သွားဖို့ ကျွန်တော်တို့ ဆုတောင်းနေပါတယ်။" ဟု ၎င်းက ထပ်လောင်းပြောသည်။
လွန်ခဲ့သော တစ်လကျော်က ၎င်း၏ နိုင်ငံအပေါ် တိုက်ခိုက်မှုများ ပြုလုပ်ရန် US နှင့် Israel တို့၏ ဆုံးဖြတ်ချက်ကို လက်တုံ့ပြန်သည့်အနေဖြင့် ကမ္ဘာ့အရေးပါဆုံး ရေကြောင်းပို့ဆောင်ရေးလမ်းကြောင်းများထဲမှ တစ်ခုဖြစ်သည့် ဟော်မုဇ် ရေလက်ကြားအား ပိတ်ဆို့ရန် အီရန် ၏ ဆုံးဖြတ်ချက်သည် ပင်လယ်ကွေ့နိုင်ငံများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုများအပေါ် သက်ရောက်မှုရှိမည်ကို ကမ္ဘာကြီးက အကြီးအကျယ် ထိတ်လန့်သွားစေခဲ့ပြီး ယခုအခါ ကမ္ဘာလုံးဆိုင်ရာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။
သို့သော် ဤရိုက်ခတ်မှုသည် မကြာမီတွင် ရေနံစည်များအတွက် အဆမတန် ကြီးမားသော ဈေးနှုန်းများထက် များစွာကျော်လွန်သွားမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ဖူလုံရေးအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်လာနိုင်ကြောင်း လေ့လာသုံးသပ်သူများနှင့် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများက သတိပေးထားသည်။ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စွမ်း မရှိတော့သဖြင့် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုများနှင့် သိုလှောင်ထားမှုများ လျော့ကျလာမည်ကို စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ အကယ်၍ စစ်ပွဲသည် ဇွန်လတွင် မပြီးဆုံးပါက နောက်ထပ် လူသန်း ၄၅ သန်းခန့် ပြင်းထန်သော စားနပ်ရိက္ခာ မလုံလောက်မှု အခြေအနေသို့ တွန်းပို့ခံရနိုင်ကြောင်း World Food Programme က ခန့်မှန်းထားသည်။
စိုက်ပျိုးရေးအတွက် ပြည်ပမှတင်သွင်းသော မြေဩဇာများနှင့် ပြည်ပမှတင်သွင်းသော သဘာဝဓာတ်ငွေ့နှင့် လောင်စာဆီများကို အကြီးအကျယ် မှီခိုနေရသောကြောင့် အိန္ဒိယနှင့် သီရိလင်္ကာ ကဲ့သို့သော တောင်အာရှနိုင်ငံများသည် အထူးသဖြင့် ထိခိုက်လွယ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ အိန္ဒိယသည် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် မြေဩဇာ ဒုတိယအများဆုံး သုံးစွဲသည့် နိုင်ငံဖြစ်ပြီး နှစ်စဉ် တန်ချိန် သန်း ၆၀ ကျော် သုံးစွဲနေကာ အချောထည်နှင့်ကုန်ကြမ်းအပါအဝင် ၎င်း၏ တင်သွင်းမှုအများစုမှာ များသောအားဖြင့် ပင်လယ်ကွေ့နိုင်ငံများမှတစ်ဆင့် ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းပို့ဆောင်ရခြင်းဖြစ်သည်။
ရေနံနှင့် ဒီဇယ် ပြတ်လပ်မှုအပြင် လျှပ်စစ်မီးဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် လယ်သမားများ၏ ရေသွင်းခြင်း၊ ရိတ်သိမ်းခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် သီးနှံများ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းစွမ်းဆောင်ရည်များကိုလည်း ဆိုးရွားစွာ ထိခိုက်စေမည်ဖြစ်
အိန္ဒိယ ကဲ့သို့သော နိုင်ငံများတွင် သဘာဝဓာတ်ငွေ့နှင့် မြေဩဇာ ပြတ်လပ်မှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများကို လာမည့်လများအထိ ခံစားရနိုင်ပြီး လယ်သမားများ မည်သည့်ကောက်ပဲသီးနှံများကို စိုက်ပျိုးနိုင်မည်နှင့် အထွက်နှုန်း မည်မျှရရှိမည်ဆိုသည့်အပေါ် သက်ရောက်မှုရှိကာ အဆုံးတွင် ဆန်ကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် ထွက်ကုန်များ သိုလှောင်ထားမှု လျော့ကျသွားသည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။
ရေနံနှင့် ဒီဇယ် ပြတ်လပ်မှုအပြင် လျှပ်စစ်မီးဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် လယ်သမားများ၏ ရေသွင်းခြင်း၊ ရိတ်သိမ်းခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် သီးနှံများ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းစွမ်းဆောင်ရည်များကိုလည်း ဆိုးရွားစွာ ထိခိုက်စေမည်ဖြစ်ပြီး ပြတ်လပ်မှုများနှင့်ပတ်သက်၍ ထပ်မံစိုးရိမ်မှုများကို ဖြစ်ပေါ်စေသည်။
အိန္ဒိယ သည် ၂၀၂၃-၂၄ ခုနှစ်အတွင်း မြေဩဇာ ထောက်ပံ့ကြေးအတွက် ရူပီး ၁.၈ ထရီလီယံ ($22 ဘီလီယံ) ကျော် သုံးစွဲခဲ့ပြီး ၎င်းသည် အိန္ဒိယ လယ်သမားများအတွက် မည်မျှအရေးကြီးကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍသည် ကမ္ဘာလုံးဆိုင်ရာ ဈေးနှုန်းအတက်အကျများအပေါ် မည်မျှ တုံ့ပြန်မှုလွယ်ကြောင်းကို မီးမောင်းထိုးပြနေသည်။ စစ်ပွဲကြောင့် ထောက်ပံ့မှုများ ကျပ်တည်းလာခြင်းနှင့် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းတို့က လယ်သမားများအပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အစောပိုင်း လက္ခဏာများက ညွှန်ပြနေသည်ဟု စိုက်ပျိုးရေးဘောဂဗေဒပညာရှင် Devinder Sharma က ပြောသည်။ "အိန္ဒိယ စိုက်ပျိုးရေးက ဓာတုမြေဩဇာတွေအပေါ် အကြီးအကျယ် မှီခိုနေရဆဲပါ။ ဘယ်လို ပြတ်တောက်မှုမျိုးကမဆို စိုးရိမ်ပူပန်မှုတွေကို လျင်လျင်မြန်မြန် ဖြစ်ပေါ်စေပါတယ်။" ဟု ၎င်းက ဆိုသည်။
ပဋိပက္ခသည် ထောက်ပံ့ရေးကွင်းဆက်များကို တင်းမာလာစေခဲ့ပြီဖြစ်သည်။ အိန္ဒိယ၏ စိုက်ပျိုးရေးအတွက် အဓိကဖြစ်သော နိုက်ထရိုဂျင်အခြေခံ မြေဩဇာဖြစ်သည့် ယူရီးယားနှင့်ပတ်သက်၍ အထူးစိုးရိမ်ကြောင်း လယ်သမားများက ပြောသည်။ ၎င်းကို အဓိကအာဟာရအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပြီး ၎င်း၏ နှစ်စဉ်သုံးစွဲမှုမှာ တန်ချိန် ၃၅ သန်းမှ ၄၀ သန်းခန့်ရှိသည်။ ၎င်းအများစုကို ပြည်တွင်း၌ ထုတ်လုပ်သော်လည်း ထုတ်လုပ်မှုသည် ပြည်ပမှတင်သွင်းသော သဘာဝဓာတ်ငွေ့ကို မှီခိုနေရပြီး နိုင်ငံအတွင်း ထောက်ပံ့မှုမှာလည်း ကျပ်တည်းနေပြီဖြစ်သည်။ ၎င်းစက်ရုံများသို့ ဓာတ်ငွေ့ပေးဝေမှုများကို ၃၀ ရာခိုင်နှုန်း လျှော့ချထားသည်။
Punjab နှင့် Haryana ကဲ့သို့သော အဓိက ကောက်နှံထုတ်လုပ်သည့် ပြည်နယ်များတွင် ချက်ချင်းသက်ရောက်မှုကို မမြင်ရသေးသော်လည်း ထိတ်လန့်မှုများရှိနေကြောင်း လယ်သမားများက ဆိုသည်။ ဇွန်နှင့် ဇူလိုင်လများတွင် စပါးနှင့် ဝါကဲ့သို့သော သီးနှံများ မစိုက်ပျိုးမီ မေလတွင် kharif ရာသီအတွက် ဝယ်ယူမှုများ ပုံမှန်အားဖြင့် စတင်လေ့ရှိရာ မြေဩဇာပြတ်လပ်မှုက အထွက်နှုန်းကို စတင်မထိခိုက်မီ အချိန်ကာလ အနည်းငယ်သာ ကျန်ရှိတော့သည်။
အိန္ဒိယ တွင် kharif ရာသီသည် ပုံမှန်အားဖြင့် ဆန်တန်ချိန် သန်း ၁၀၀ ခန့် ထွက်ရှိသည်။ လယ်သမားများသည် လာမည့် ၁၅ ရက်မှ ရက် ၂၀ အတွင်း မြေဩဇာကို ပုံမှန်ဝယ်ယူလေ့ရှိသော်လည်း အများစုမှာ ကြိုတင်သိုလှောင်ထားကြသည်။ "ဒီလုပ်ငန်းမှာ ကျွန်တော့်ရဲ့ ၃၅ နှစ်တာ ကာလအတွင်းမှာ ဒီလောက် ထိတ်လန့်တာမျိုး မမြင်ဖူးပါဘူး။" ဟု Karnataka ပြည်နယ်၊ Hubballi မှ မြေဩဇာ လက်လီရောင်းချသူ Prakash Limbuyya Swami က ဆိုသည်။
စက်ရုံအများအပြား ဓာတ်ငွေ့ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း အစောပိုင်း သတင်းများက ဖော်ပြခဲ့သော်လည်း မြေဩဇာစက်ရုံများ ပုံမှန်အတိုင်း လည်ပတ်နေပြီး အရေးပေါ် သိုလှောင်ထားမှုမှာ ယမန်နှစ်ကထက် ပိုမိုများပြားကြောင်း တာဝန်ရှိသူများက အခိုင်အမာ ပြောကြားထားသည်။
"လက်ရှိမှာ ယမန်နှစ်ကထက်စာရင် သိုလှောင်မှု ပိုမိုများပြားတဲ့အတွက် ကောင်းမွန်တဲ့ ထောက်ပံ့မှု အနေအထားကို ပြသနေပါတယ်။" ဟု မြေဩဇာဌာနမှ အကြီးတန်းအရာရှိ Aparna S Sharma က ပြောပြီး ပင်လယ်ကွေ့ရှိ ရိုးရာပေးသွင်းသူများထက်ကျော်လွန်၍ အရင်းအမြစ်များကို မျိုးစုံရှာဖွေနေကြောင်း ၎င်းက ထပ်လောင်းပြောသည်။
သို့သော် ထိုသို့ အာမခံချက်များ ရှိနေသော်လည်း လယ်သမားများကြားတွင် စိုးရိမ်ပူပန်မှုများ ဆက်လက်ရှိနေသည်။ စိုက်ပျိုးရေးကျွမ်းကျင်သူများက ပျက်စီးနေပြီး ခေါင်းပုံဖြတ်မှုများရှိသည်ဟု ကာလကြာရှည်စွာ ဖော်ပြခဲ့သော စနစ်တစ်ခုတွင် သီးနှံများအတွက် နိုင်ငံတော်မှ ကြီးမားသော ထောက်ပံ့ကြေးများ ပေးနေလင့်ကစား အိန္ဒိယရှိ အသေးစား လယ်သမားများစွာသည် ကြီးမားသော ဆုံးရှုံးမှုများဖြင့် လုပ်ကိုင်နေရပြီး အကြွေးများဖြင့် ပိနေကြသည်။
"ထိတ်လန့်မှုတွေကြောင့် ကျွန်တော့်ပတ်ဝန်းကျင်က လယ်သမားတွေဟာ သက်တမ်းကန့်သတ်ချက် ရှိပေမဲ့လည်း မြေဩဇာတွေကို စတင် သိုလှောင်နေကြပါပြီ။" ဟု Punjab ပြည်နယ်၊ Ambala တွင် လယ်ကွင်းရှိသူ Tejveer Singh က ဆိုသည်။ "ဘယ်လို ပြတ်လပ်မှုမျိုးမဆို ကျွန်တော်တို့ရဲ့ ထုတ်လုပ်နိုင်စွမ်းကို ထိခိုက်စေပါလိမ့်မယ်။ ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် လယ်သမားတွေဟာ ဖိအားတွေ အောက်မှာ ရောက်နေကြပါပြီ။ ဒါက ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။"
သီရိလင်္ကာ တွင် မရှိမဖြစ်လိုအပ်သော သီးနှံအာဟာရများ နည်းပါးလာမည်ကို ကြောက်ရွံ့မှုများက အထူးသဖြင့် ခြောက်လှန့်နေကြောင်း သက်သေပြနေသည်။ လွန်ခဲ့သော ငါးနှစ်အောက် ကာလကပင် စီးပွားရေးအကျပ်အတည်းကြောင့် သီရိလင်္ကာ သည် ပြည်ပမှတင်သွင်းသော မြေဩဇာကို မဝယ်နိုင်တော့ဘဲ ဆိုးရွားသော အမြတ်အစွန်း ဆုံးရှုံးမှုများနှင့် မရှိမဖြစ်လိုအပ်သော သီးနှံများ ပြတ်လပ်ခြင်းတို့ကို ဖြစ်ပေါ်စေခဲ့ရာ နိုင်ငံ၏ လယ်သမားများသည် အလားတူ အခြေအနေမျိုးနှင့် ရင်ဆိုင်ခဲ့ရသည်။
UN ၏ အစီရင်ခံစာတစ်ခုအရ အကယ်၍ ပင်လယ်ကွေ့ဒေသရှိ ပဋိပက္ခသည် ကြာရှည်သွားပြီး မြေဩဇာ ထောက်ပံ့မှုများကို ဆက်လက်ပိတ်ဆို့ထားမည်ဆိုပါက ဆူဒန်ပြီးလျှင် သီရိလင်္ကာ သည် အထိခိုက်နိုင်ဆုံး နိုင်ငံများထဲမှ တစ်ခုအဖြစ် မီးမောင်းထိုးပြခံခဲ့ရသည်။
ဈေးနှုန်းများ အကြီးအကျယ် မြင့်တက်လာနိုင်ကြောင်း မိမိအား သတိပေးထားပြီးဖြစ်သည်ဟု Monaragala ခရိုင်၊ Bibila မှ လယ်သမားတစ်ဦးဖြစ်သူ P Amila က ပြောသည်။ ထို့ကြောင့် အကြွေးပိုများလာမည်ကို ကြောက်ရွံ့သဖြင့် နောက်ရာသီ၏ စပါးကို မစိုက်ပျိုးရန် သူဆုံးဖြတ်ခဲ့သည်။
"ဒါက လယ်ယာလုပ်ငန်း ၃၀ နှစ်တာကာလအတွင်း ကျွန်တော် ကြုံဖူးသမျှ အလှုပ်ရှားဆုံး အခြေအနေပါပဲ။" ဟု ၎င်းက ဆိုသည်။ "အနာဂတ်မှာ လွယ်ကူမှာ မဟုတ်ပါဘူး။ လူတွေ ဝယ်စရာ ဆန်မရှိတဲ့အခါ ဘာလုပ်ကြမလဲလို့ ကျွန်တော် စိုးရိမ်မိပါတယ်။"
ဈေးနှုန်းများကို ထိန်းချုပ်ရန်၊ ခွဲတမ်းချရန်နှင့် အထူးသဖြင့် နောက်ထပ် Yala ရိတ်သိမ်းရာသီ စပါးအတွက် စတင်နေပြီဖြစ်သော အရှေ့ဘက်ကမ်းရိုးတန်းရှိ ခရိုင်များကဲ့သို့ အလိုအပ်ဆုံးဒေသများသို့ မြေဩဇာ မျှတစွာ ဖြန့်ဝေရန် အဆင့်ဆင့် လုပ်ဆောင်ထားကြောင်း သီရိလင်္ကာ အစိုးရက ပြောသည်။
သို့သော် သီရိလင်္ကာ ၏ မကြာမီဖြစ်ပေါ်လာမည့် မြေဩဇာ အကျပ်အတည်းသည် ၎င်း၏ လောင်စာဆီ အကျပ်အတည်းထက်ပင် ပိုမိုကြီးမားကြောင်း National Agrarian Unity ၏ ဥက္ကဋ္ဌ Anuradha Tennakoon က သတိပေးခဲ့သည်။ "မြေဩဇာ လုံလုံလောက်လောက်ရှိတယ်လို့ အစိုးရနဲ့ တာဝန်ရှိသူတွေက ဆက်တိုက် ပြောနေပါတယ်။ အဲဒါ လိမ်ညာမှုကြီးပါပဲ။ သိုလှောင်ထားတာ ဘာမှမရှိပါဘူး။" ဟု ၎င်းက ဆိုသည်။ "အကယ်၍ ဒီ Yala ရာသီကို ထိခိုက်ခဲ့မယ်ဆိုရင် ကြီးမားတဲ့ စားနပ်ရိက္ခာ ဖူလုံရေး ပြဿနာရှိလာပါလိမ့်မယ်။ စားနပ်ရိက္ခာ ဖူလုံရေး ပြတ်တောက်မှုက အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေပါတယ်။"
Polonnaruwa တွင် မိမိ၏ ဒေသ၌ မြေဩဇာ သိုလှောင်ထားမှုများ နည်းပါးနေပြီဖြစ်ပြီး ဈေးနှုန်း နှစ်ဆနီးပါး မြင့်တက်လာကြောင်း လယ်သမား Ranjit Hulugalle က ဆိုသည်။ အဆိုပါ အခြေအနေကို လယ်သမားများနှင့် စားသုံးသူများ နှစ်ဦးစလုံးအတွက် "မိုင်းကွင်း" ဟု ၎င်းက ဖော်ပြခဲ့သည်။ "ကျွန်တော်တို့ လယ်သမားတွေအနေနဲ့ တစ်လအတွင်း ကြီးမားတဲ့ အကျပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်ရတော့မှာပါ။" ဟု ၎င်းက မျှော်လင့်ချက်မဲ့စွာ ပြောသည်။ "အဲဒီအခါ နိုင်ငံက စားနပ်ရိက္ခာ အကျပ်အတည်းနဲ့ ရင်ဆိုင်ရပါတော့မယ်။"
ကိုးကား - The Guardian
ပုံစာ - အိန္ဒိယနိုင်ငံ၊ Punjab ပြည်နယ်၊ Amritsar မြို့ဆင်ခြေဖုံးရှိ လယ်ကွင်းတစ်ခုတွင် လယ်သမားများ စပါးစိုက်ပျိုးနေစဉ်။ ဓာတ်ပုံ - Narinder Nanu/AFP/Getty
Top News
လွန်ခဲ့သော ၁၂ နာရီ က
လွန်ခဲ့သော ၁၂ နာရီ က
လွန်ခဲ့သော ၈ ရက် က