bap-logo
Business

မြန်မာမှ မတင်ပို့နိုင်မည်ကို စိုးရိမ်ရသည့် အတွက် တရုတ် မြေရှားဈေး လ ၂၀ အတွင်း အမြင့်ဆုံး ရောက်

18tFD0GiQ1i4xCDLoNJX_-image

လွန်ခဲ့သော ၂ နှစ် က

မြေရှားအဓိက ထုတ်လုပ်သူ မြန်မာနိုင်ငံတွင် တူးဖော်မှု ဆိုင်းငံ့ထားသည့်အတွက် အသုံးပြုမှု အများဆုံးရာသီမရောက်မီ စုဆောင်းထားကြခြင်းကြောင့် တရုတ်နိုင်ငံ၏ မြေရှားဈေးနှုန်းမှာ လ ၂၀ အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်ဟု ဆန်းစစ်သူများက ကြာသပတေးနေ့က ပြောကြားသည်။

 

မေလ ၂၀၂၂ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဖြစ် Dysprosium oxide ဈေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် ၂ ၆၁၀ ယွမ် (ဒေါ်လာ ၃၅၆) သို့ ဗုဒ္ဓဟူးနေ့က ခုန်တက်သွားခဲ့သည်ဟု ရှန်ဟိုင်း သတ္တု ဈေးကွက် Shanghai Metals Market (SMM) နောက်ဆုံး အချက်အလက်များကို LSEG Eikon တွင် ဖော်ပြထားသည်။

 

Terbium oxide တစ်ကီလိုဂရမ်ဈေးနှုန်းသည် ဂျူလိုင်လ ၃ ရက်နေ့နောက်ပိုင်း မဖြစ်ပေါ်ခဲ့သော ၈,၆၀၀ ယွမ်သို့ မြင့်တက်သွားခဲ့သည်။

 

မြန်မာနိုင်ငံ ကချင်ပြည်နယ် ပန်ဝါဒေသမှ သတ္တုတွင်းများသည် မြန်မာနိုင်ငံ၏ အကြီးဆုံး မြေရှားအရင်းအမြစ် ဖြစ်ပြီး စက်တင်ဘာ ၆ ရက်မှ ၇ ရက်အထိ စစ်ဆေးမှုများပြုလုပ်ရန် တနင်္လာနေ့မှ စတင်ပိတ်ထားသည်ဟု အကြံပေး SMM က ကြာသပတေးနေ့ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

 

ထုတ်လုပ်မှု ဆက်မလုပ်ကြသေးကြောင်း၊ စစ်ဆေးရေးအဖွဲ့ရဲ့ နောက်တစ်ဆင့် သတိပေးချက် ကို စောင့်နေကြကြောင်း ဒေသခံ သတ္တုတွင်း လုပ်သားတစ်ဦးက ပြောပါတယ်။” ဟု SMM ဆန်းစစ်လေ့လာသူတစ်ဦးဖြစ်သူ Yang Jiawen က ပြောသည်။

 

မြေရှားသတ္တုသည် အီလက်ထရောနစ်ပစ္စည်းများနှင့် စစ်လက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြု သည့် တန်ဖိုးကြီး သတ္တုဓာတ် ၁၇ မျိုး အုပ်စုတွင် ပါဝင်သည်။

 

တရုတ် ကုန်သွယ်မှုအချက်အလက်များအရ ဇန်နဝါရီလမှ ဂျူလိုင်လအတွင်း တရုတ်နိုင်ငံသို့ မြေရှားတင်သွင်းမှု ၃၈ % မှာ မြန်မာနိုင်ငံမှ ဖြစ်သည်။ အမေရိကန် ပထဝီဝင် စစ်တမ်း အချက်အလက်အရ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် မြေရှားသတ္တုတူးဖော်မှု၏ စတုတ္ထအကြီးဆုံး အရင်းအမြစ်ဖြစ်သည်။

 

သတ္တုတူးဖော်မှု ရပ်တန့်ထားသည့်အတွက် ပန်ဝါမှ အလုပ်သမားများက အနီးရှိ ချီဖွေမြို့သို့ လာရောက်နေကြသည်ကို တွေ့မြင်ခဲ့ရကြောင်း ချီဖွေမြို့ခံ တစ်ဦးက Reuters ကို ပြောသည်။

 

မြန်မာကုန်ကြမ်းတင်သွင်းမှု တစ်ပတ်မှ သုံးပတ်ခန့် ပြတ်တောက်နိုင်ပြီး ၂၀၂၃ ခုနှစ် ဝယ်လိုအားနှင့် ရောင်းလိုအားကို ထိခိုက်နိုင်မည်မဟုတ်ဟု တရုတ်ကုန်ချောထုတ်လုပ်သူများက မျှော်လင့်ထား ကြောင်း Project Blue မှ ဆန်းစစ်လေ့လာသူ David Merriman က ပြောကြားသည်။

 

သို့ရာတွင် Merriman က မရေရာမှုများနှင့် ဈေးနှုန်းမြင့်မားမှုကို မျှော်မှန်းကာ တင်သွင်းသူမှ ကုန်ပစ္စည်း လက်ဝယ်ကိုင်ထားမှုကြောင့် ကာလတို ဈေးနှုန်းမြင့်မားမှု ဖြစ်နိုင်သည်ဟု မျှော်မှန်း ထားသည်။

 

လာအိုနိုင်ငံက တိုးမြှင့်တင်သွင်းပြီး အတိုင်းအတာတစ်ခုအထိ ဖြေရှင်းနိုင်တယ်ဆိုပေမယ့် ကချင် ပြည်နယ်က သတ္တုတွင်း တိုးချဲ့ပိတ်ဆို့မှု တစုံတရာ ပြုလုပ်ခဲ့ရင် မြန်မာနိုင်ငံက ကုန်ကြမ်းကို မှီခို နေရတဲ့ တရုတ်နိုင်ငံတောင်ပိုင်း တရုတ် သတ္တုသန့်စင်ရေးလုပ်ငန်းများကို ထိခိုက်မှု အတော်အတန် ရှိနိုင်ပါတယ်ဟု Merriman က ပြောသည်။

 

ဈေးနှုန်းမြင့်တက်လာမည်ကို စိုးရိမ်ခြင်း၊ အမြင့်ဆုံး ဝယ်ယူသုံးစွဲမှုကာလများဖြစ်သည့် စက်တင် ဘာနှင့် အောက်တိုဘာလများအကြား ဝယ်လိုအား မြင့်တက်မှုကြောင့်လည်း ဈေးတက်လာနိုင်ခြင်း တို့ကြောင့် တရုတ်နိုင်ငံ၏ အများပြည်သူ ရုံးပိတ်ရက်ဖြစ်သော စက်တင်ဘာ ၂၉ မှ အောက်တိုဘာ ၆ ရက်အကြားတွင် အသုံးပြုရန် အချို့သော မြေရှား ဝယ်ယူသုံးစွဲသူများက သိုလှောင်မှုများ ပြုလုပ်နေကြသည်ဟု SMM မှ Yang က ပြောသည်။

 

တရုတ်နိုင်ငံ၏ အဓိက မြေရှားထုတ်လုပ်ရေးဗဟိုချက်ဖြစ်သော Jiangxi ပြည်နယ်တွင် သဘာဝ ပတ်ဝန်းကျင် စစ်ဆေးရေး ဩဂုတ်လအတွင်း ပြုလုပ်မှုကြောင့် တင်သွင်းမှု ပြတ်တောက်နိုင်ခြင်းကို စိုးရိမ်ရသည့်အတွက်လည်း ဈေးနှုန်း မြင့်တက်ရခြင်းဖြစ်ကြောင်း သူမက ပြောသည်။

 

တရုတ်၏ မြေရှားတင်သွင်းမှုမှာ ဩဂုတ်လတွင် နှစ်အလိုက် ၇၆% ဖြစ်သော ၁၂,၆၇၃ မက်ထရစ်တန်အထိ တိုးမြင့်လာခဲ့ပြီး ပထမ ရှစ်လအတွက် ပမာဏမှာ ၅၄. % ဖြစ်သော ၁၁၈,၄၂၆ တန် အထိ ခုန်တက်လာခဲ့သည်ဟု တရုတ်ကုန်သွယ်မှုအချက်အလက်များက ဖော်ပြသည်။

 

($1 = 7.3275 Chinese yuan renminbi)

 

ကိုးကား - Reuters

ပုံစာ - ‌ဂျူလိုင်လ ၁၆ ရက် ၂၀၁၁ ခုနှစ် တရုတ်နိုင်ငံ မွန်ဂိုလီးယားအတွင်းပိုင်းမှ မြေရှားသတ္တုများ ပါဝင်သည့် Bayan Obo သတ္တုတွင်းရှိ သတ္တုတွင်းသုံး စက်ယန္တယားတစ်ခု။ (Photo: REUTERS/Stringer/File photo )

 

 Burma Associated Press

China
Myanmar
Rare earth metal

Share With
bap-logo