bap-logo
Politics

MNDAA သေဒဏ်ချမှတ်မှုကို ဥရောပသမဂ္ဂက ပြင်းပြင်းထန်ထန် ရှုတ်ချ

0Qqgf6tY3GGWEpKzrZHou-image

လွန်ခဲ့သော တစ်နှစ် က

ဧပြီ ၂၅။

 

ပြီးခဲ့သည့် ရက်ပိုင်းက ထွက်ပေါ်ခဲ့သည့် MNDAA က ပြစ်မှုကျူးလွန်သူ ၁၀ ဦးကို သေဒဏ်ချမှတ်ခဲ့မှုအပေါ် ဥရောပသမဂ္ဂက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်လာသည်။

 

ကိုးကန့်ဒေသ လောက်ကိုင်မြို့ တုန်ချိန်တွင် ဧပြီ ၂၄ ရက်က အဆိုပါ ပြစ်မှုကျူးလွန်သူ ၁၀ ဦးကို အများပြည်သူရှေ့တွင် MNDAA က သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 

သေဒဏ်ချမှတ်ခံရသူများတွင် MNDAA တပ်သား ဦး ပါဝင်ပြီး ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ငွေကြေး အဓမ္မ တောင်းခံခြင်း၊ ပြန်ပေးဆွဲခြင်းအပြင် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြသည်ဟု ကိုးကန့်တပ်တော်- MNDAA က ထုတ်ပြန်ထားသည်။

 

ဥရောပသမဂ္ဂအနေဖြင့် မည်သည့်အခြေအနေမျိုးတွင်မဆို (သေဒဏ်ချသည့်) ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး အဆိုပါ လုပ်ရပ်သည်လူ့ဂုဏ်သိက္ခာကို အဆုံးစွန်သော ငြင်းပယ်မှုကို ကိုယ်စားပြုသည်ဟုလည်း ထောက်ပြထားသည်။

 

ယခုကဲ့သို့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး မျှော်မှန်းချက်တွင် အဓိကကျသော ကြိုးပမ်းမှုသည် မြင့်မားသော နိုင်ငံတကာစံနှုန်းများနှင့်အညီ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန် ဖြစ်သင့်သည်ဟုလည်း ဥရောပ သမဂ္ဂက သတိပေးထားသည်။

 

Burma Associated Press

MNDAA
Death sentence
EU

Share With
bap-logo