bap-logo
Politics

မြဝတီလာတဲ့ စစ်ကောင်စီယာဥ်တန်းဆီက သံချပ်ကာနဲ့ စက်သေနတ်တပ်ယာဥ်တွေ KNLA ပူးပေါင်းတပ် ရရှိ

lpVhwVDjotZTZz07mwkZP-image

လွန်ခဲ့သော တစ်နှစ် က

ဧပြီ ၂၂။

 

တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားရာ မြဝတီမြို့ကို တက်လာတဲ့ "​အောင်ဇေယျ"အမည်ခံ စစ်ကောင်စီယာဥ်တန်းကို ယမန်နေ့ ဧပြီ ၂၁ ရက်မှာ KNLA PDF ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး သံချပ်ကာနဲ့ စက်သေနတ်တပ်ယာဥ်တွေ ရရှိခဲ့တယ်လို့ မြေပြင်နဲ့ နီးစပ်သူ တစ်ဦးက BAP ကို ပြောပါတယ်။

 

တိုက်ပွဲအတွင်း သံချပ်ကာယာဥ် စီး၊ စက်သေနတ်တပ် စစ်သုံးယာဥ် စီးအပြင် အော်လီဂန်း တစ်လက်၊ ပွိုင့်ဖွိုက် တစ်လက် သိမ်းဆည်းမိခဲ့တယ်လို့လည်း ဆိုပါတယ်။

 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့က အဲဒီယာဉ်တန်းကို ဒေါန တောင်ခြေတနေရာမှာ တိုက်ခိုက်ခဲ့တာပါ။

 

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦး အပါအဝင် ဦးသေဆုံးခဲ့သလို တိုက်ခိုက်ခံရအပြီးမှာ စစ်ကောင်စီယာဉ်တန်းဟာ ပြန်ဆုတ်သွားတယ်လို့မြေပြင်အတည်ပြုချက် ရယူနိုင်ခဲ့ပါတယ်။

 

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ဧပြီ ၁၂ ရက်ထဲက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့က ထွက်လာတာဖြစ်ပြီး ၁၀ ရက်ကြာတဲ့အထိ ကော့ကရိတ်အကျော် တောနော်ရေတံခွန်နားမှာပဲ ရှိနေသေးတာ ဖြစ်ပါတယ်။

 

ပုံစာ- စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့တဲ့ သံချပ်ကာ ယာဥ်တစ်စီး (ဓါတ်ပုံ- The Reporters)

 

Burma Associated Press

PDF
military
Armored car
Kawkareik
Myawaddy
Tank
KNLA

Share With
bap-logo