bap-logo
Politics

မြဝတီကနေ ဘားအံဆင်းလာနေတဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီ ပြန်ခေါ်

sRbFjsHrc7LQIHxn74EJZ-image

လွန်ခဲ့သော တစ်နှစ် က

ဧပြီ ၂၅။

 

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြဝတီကနေ ဘားအံ ဆင်းလာနေတဲ့ ဝန်ထမ်းတွေကို နယ်မြေ အေးချမ်းပြီ ဆိုပြီး စစ်ကောင်စီဘက်က ပြန်ခေါ်နေတယ်လို့ နီးစပ်သူတစ်ဦးက BAP ကို ပြောပါတယ်။

 

လက်ရှိ မြဝတီမှာ BGF အသွင်ပြောင်း KNA က ကင်းလှည့်နေတယ် ဆိုပေမယ့် KNLA နဲ့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေလည်း အချို့နေရာတွေမှာ တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

 

မြဝတီမြို့က ခလရ ၂၇၅ တပ်ရင်းကို စစ်ကောင်စီက နယ်ခြားစောင့်တပ်ဖွဲ့ BGF အကူအညီနဲ့ ဧပြီ ၂၃ ရက်နေ့မှာ ပြန်လည်ဝင်ရောက်တပ်စွဲခဲ့ပေမဲ့ သင်္ဃန်းညီနောင်က တပ်ရင်း ၃၅၅၊ ၃၅၆၊ ၃၅၇ နဲ့ ဗျူဟာကုန်းတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေ နေရာယူ ထားတယ်လို့ သိရပါတယ်။

 

ဧပြီ ၂၀ ရက်စပြီး မြဝတီ အမှတ် တံတားအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် မြဝတီ ဒေသခံ နှစ်ထောင်ကျော် ထိုင်းဘက်ကို ခိုလှုံခဲ့ရပြီး အဲဒီထဲက ၆၀၀ ကျော်ဟာ နေရပ်ပြန်သွားတယ်လို့လည်း ထိုင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

 

ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးချုပ်လည်းဖြစ်တဲ့ ပန်ပရီ ဖဟီထာ နုကွန် ဟာ ထိုင်း-မြန်မာ နယ်စပ်အခြေအနေကို ဆန်းစစ်ဖို့ ဧပြီ ၂၃ ရက်က မဲဆောက်မြို့ကို ရောက်ရှိခဲ့ပါသေးတယ်။

 

Burma Associated Press

SAC
Myawaddy
refugee

Share With
bap-logo