bap-logo
Politics

ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်း ပြန်လွတ်လာ

-uF1v1ka0U4WPVqREHo4X-image

လွန်ခဲ့သော ၂ နှစ် က

ဇန်နဝါရီ ၄။

 

၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေးလိုက်သည့် အကျဉ်းသားများထဲတွင် Myanmar Pressphoto Agency သတင်းဌာန၏ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းလည်း ပါဝင်လာသည်။

 

ယနေ့ ဇန်နဝါရီ ရက်တွင် မြန်မာနိုင်ငံအဝှမ်း အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား/သူ ,၆၅၂ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

 

ကိုကောင်းဆက်လင်းသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ရက်က ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် စစ်ကားဖြင့်တိုက်ကာ ဖမ်းဆီးခံ ခဲ့ရသူများထဲက တစ်ဦး ဖြစ်သည်။

 

စစ်ကောင်စီဟာ ယမန်နှစ် စက်တင်ဘာလကလည်း Myanmar Now သတင်း ဌာနက ဓါတ်ပုံ သတင်းထောက် ကိုစိုင်းဇော်သိုက်ကို ထောင်ဒဏ် အနှစ် ၂၀ ချ မှတ်ခဲ့သေးသည်။

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ရန်ကုန်မြို့ အသံတိတ်သပိတ်ကို မှတ်တမ်းယူရင်း ဖမ်းဆီးခံခဲ့ရသည့် ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်သည် စစ်ကြောရေးရောက်ပြီး သုံးရက်အကြာတွင် သေဆုံးခဲ့သည်။

 

Burma Associated Press

Photojournalist
Independence Day
Political prisoner
Kaung Sett Lin

Share With
bap-logo