bap-logo
Politics

မန္တလေး မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင် ပြန်လွတ်လာ

SQHmVi8eGGP7h-aw22iFe-image

လွန်ခဲ့သော ၂ နှစ် က

ဇန်နဝါရီ ၄။

မန္တလေးမြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်၊ မန္တလေးအိုးဘိုထောင်ကနေ ဒီနေ့ ဇန်နဝါရီလ ရက် (လွတ်လပ်ရေးနေ့) လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတယ်လို့ မန္တလေးမြို့ခံနိုင်ငံရေးသမားတွေဆီက သိရပါတယ်။

 

မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်နဲ့ ချမ်းအေးသာစံမြို့နယ် စည်ပင်ကော်မတီဝင်ဟောင်း ဦးကျော်ဇေယျတို့ ပါဝင်လာတာဖြစ်ပါတယ်။

 

၎င်းတို့နှစ်ဦးဟာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလအတွင်းမှာပဲ ဖမ်းဆီးထိန်း သိမ်းခံခဲ့ရပြီး ပုဒ်မ ၅၀၅ ()နဲ့ ထောင်ဒဏ် နှစ် ချမှတ်ခံခဲ့ ရတာဖြစ်ပါတယ်။

 

အဲဒီနောက် ၂၀၂၂ နိုဝင်ဘာလမှာ စစ်တပ်က နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှု ပုဒ်မ- ၄၀၉ နဲ့ တရားစွဲဆိုခံရပြီး အိုးဘိုထောင်တွင်းတရားရုံးက ထောင်ဒဏ် နှစ်ထပ်မံ ချမှတ်ခံတာပါ။

 

၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဒီကနေ့ ဇန်နဝါရီ ရက်မှာ အကျဉ်းသား/သူ ,၆၅၂ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦးကို လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးနေတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ယနေ့ လွတ်ငြိမ်းမှာ NLD အစိုးရလက်ထက် ဧရာ၀တီတိုင်း အစိုးရ အဖွဲ့ဝင် လူမှုရေး၀န်ကြီး ဒေါက်တာလှမြတ်သွေးလည်း ပုသိမ်အကျဉ်းထောင် ကနေလွတ်မြောက်လာတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

 

ဓာတ်ပုံ - လူမှုကွန်ရက်

 

Burma Associated Press

Mandalay
Former Mayor
Independence Day

Share With
bap-logo