bap-logo
Politics

မှတ်ပုံမတင်ဘဲ အွန်လိုင်းဈေးရောင်းနေသူတွေကို ၂၀၂၄ နှစ်စကစပြီး အရေးယူမယ်လို့ သိရ

EL9J6ZQP_5P6T2uuD6bzW-image

လွန်ခဲ့သော ၂ နှစ် က

ဒီဇင်ဘာ ၃၀။

 

မှတ်ပုံတင်ခြင်းမရှိဘဲ အွန်လိုင်းကနေ ဈေးရောင်းချသူတွေကို စစ်ဆေးတွေ့ရှိ ပါက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ရက်ကစပြီး အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနကနေ သိရပါတယ်။

 

အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့ (Online Sales) လုပ်ငန်း မှတ်ပုံတင်မှုအတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ရက်ကစပြီး မှတ်ပုံတင်ကြေး စတင်ကောက်ခံ သွားမှာဖြစ်သလို မှတ်ပုံတင်ကို သက်တမ်း နှစ်အထိ ခွင့်ပြုမှာဖြစ်တယ်လို့ ကုန်သွယ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

 

Online Sales လုပ်ငန်း မှတ်ပုံတင်စနစ်အတွက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ မှတ်ပုံတင်တွေအတွက် သက်တမ်း နဲ့ မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့် ပြုခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။

 

ကောက်ခံသွားမယ့် မှတ်ပုံတင်ကြေးအဖြစ် လူပုဂ္ဂိုလ်တစ်ယောက်ချင်းကို မှတ်ပုံတင်ကြေး ၃၀,၀၀၀ ကျပ်နဲ့ သက်တမ်းတိုးကြေး ၃၀,၀၀၀ကျပ် ကုမ္ပဏီနဲ့ စီးပွားရေးအဖွဲ့အစည်းတွေအနေနဲ့ မှတ်ပုံ တင်ကြေးကို ၇၀,၀၀၀ ကျပ်နဲ့ သက်တမ်းတိုးကြေး ၇၀,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။

 

အသေးစား၊ အလတ်စားလုပ်ငန်းဆိုင်ရာ အသိအမှတ်ပြုထားတဲ့ အထောက်အထားရှိ ကုမ္ပဏီနဲ့ စီးပွားရေးအဖွဲ့အစည်းတွေကို မှတ်ပုံတင်ကြေး ၅၀,၀၀၀ ကျပ်နဲ့ သက်တမ်းတိုးကြေး ၅၀,၀၀၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။

 

မှတ်ပုံတင်ကို ပြင်ဆင်မယ်ဆိုရင်လည်း ပြင်ဆင်ကြေးတွေကတော့ တစ်ချက်ကို သုံးထောင်ကျပ် ပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ- Freepik

 

Burma Associated Press

online
License
Online Sale

Share With
bap-logo