bap-logo
Data

စစ်တပ် အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်း ၁၀၄ ဦး သတ်ဖြတ်ခံရ

jz8yuk87t3QgLQmt2cuTe-image

လွန်ခဲ့သော တစ်နှစ် က

ဧပြီ ၂၈။

 

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျန်းမာရေးဝန်ထမ်း ၁၀၄ ဦး သတ်ဖြတ်ခံခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

 

ပြီးခဲ့သည့် ဧပြီ ၂၅ ရက်က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခံရမှုနှင့် ပတ်သက်သည့် ယမန်နေ့ ထုတ်ပြန်ချက်တွင် NUG က ဖော်ပြထားခြင်း ဖြစ်သည်။

 

ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခံရမှုတွင် ဆေးကုသနေသော အတွင်းလူနာ လေးဦးနှင့် လူနာစောင့် တစ်ဦး စုစုပေါင်း ငါးဦး သေဆုံးခဲ့ရပြီး အခြားလူနာများ၊ ၎င်းတို့၏ မိသားစုဝင်များ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများလည်း ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့ကြသည်ဟု သိရသည်။

 

ဝမ္မသူးဆေးရုံသည် ချင်းပြည်နယ်သာမက စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်များမှ လူနာများပါ လာရောက် ကုသမှုခံယူရာ ဆေးရုံလည်း ဖြစ်သည်ဟု NUG က ဆိုသည်။

 

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်မှစ၍ ယနေ့အထိ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှု ,၂၉၃ ကြိမ်၊ ဆေးရုံဆေးခန်း ၃၄၃ ခုကို ဖျက်ဆီးခဲ့ပြီး ကျန်းမာရေးဝန်ထမ်း (၁၀၄) ဦးကို သတ်ဖြတ်ခဲ့သည့်အပြင် ကျန်းမာရေးဝန်ထမ်း ၁၃၁ ဦးကိုလည်း ထိခိုက်ဒဏ်ရာ ရရှိစေခဲ့သည်ဟု NUG က ဖော်ပြထားသည်။

 

ပုံစာ- လေကြောင်းတိုက်ခိုက်မှုကြောင့် အလုံးစုံ ပျက်စီးသွားသည့် ဝမ္မသူးဆေးရုံ

 

Burma Associated Press

 

Myanmar
destroyed
Hospital
Health worker
died

Share With
bap-logo