bap-logo
Politics

အာဆီယံနှင့် မြန်မာ အလွတ်သဘော ထိတွေ့ဆက်ဆံရေး အလားအလာ မလေးရှားဝန်ကြီးချုပ် မြှင့်တင်ပြောဆို

-RgY-2-LpRbp-LNflugR4-image

လွန်ခဲ့သော ၂ နှစ် က

 ဇူလိုင် ၂၇။

စစ်တပ်အုပ်စိုးနေသော မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများအတွက် အပြင်းထန်ဆုံး ဝေဖန်သူ မလေးရှားက အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လူ့အခွင့်အရေး ကိစ္စများ လျော့ပေ့ါခြင်းမရှိဘဲ စစ်အာဏာရှင်တို့ကို အလွတ်သဘော ထိတွေ့ဆက်ဆံရေး အလားအလာကို ဗုဒ္ဓဟူးနေ့က မြှင့်တင်ပြောဆိုလိုက်သည်။

 

မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ကွာလာလမ်ပူတွင် နှစ်နိုင်ငံအစည်းအဝေးများအတွက် ရောက်ရှိနေသော ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr နှင့် ၎င်းအရေးဆွေးနွေးခဲ့ကြကြောင်း ပြောဆိုသည်။

 

ထိုင်းနိုင်ငံက ယခုနှစ်တွင် တွေ့ဆုံဆွေးနွေးမှုထိန်းသိမ်းရန်ဟူ၍ မြန်မာနှင့် အလွတ်သဘောအစည်းအဝေး ပြုလုပ်ခဲ့သော်လည်း မလေးရှားနှင့် အာဆီယံတို့သည် စစ်အာဏာရှင်တို့နှင့် မည်သည့်ထိတွေ့ဆက်ဆံမှုမျှ မပြုလုပ်ဟု ယခင်က ငြင်းပယ်ခဲ့ကြသည်။

 

အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ် ခိုင်မာအောင် မြန်မာနဲ့ ထိတွေ့ခဲ့ကြပေမယ့် လူ့အခွင့်အရေးကိစ္စတွေကို လျော့ပေါ့ခြင်းမရှိ၊ လူနည်းစုတွေ အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ် ဆက်ဆံမှုအရေးတွေ လျော့ပေါ့ခြင်းမရှိဘဲနဲ့ အိမ်နီးချင်းနိုင်ငံတွေက အလွတ်သဘော ထိတွေဆက်ဆံဖို့ ပြုပြင်ပြောင်းလဲရလွယ်ကူစေမှု အချို့ကိုလည်း ပေးအပ်ခဲ့ပါတယ်။ဟု Marcos နှင့် ပူးတွဲ သတင်းထုတ်ပြန်ချက်တွင် Anwar က ဖော်ပြပြောဆိုထားသည်။

 

ဖိလစ်ပိုင်သမ္မတကမူ မြန်မာနိုင်ငံအရေး မှတ်ချက် မပေးခဲ့ပါ။

 

မြန်မာအပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံရှိသော အာဆီယံသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး မကြာခင်တွင်ပင် စစ်အာဏာ ရှင်နှင့် သဘောတူညီခဲ့သော ငြိမ်းချမ်းရေးစီမံချက် ငါးချက်ကို အကောင်အထည်ဖော်ရန် တွန်းအားပေးခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။

 

မလေးရှားသည် စစ်အာဏာရှင်တို့ကို လူသိရှင်ကြား ဝေဖန်လေ့ရှိသည့် နိုင်ငံဖြစ်သည်။ ယခုလအစောပိုင်းတွင် စစ်အာဏာရှင်တို့၏ အကြမ်းဖက်မှုများအပါအဝင် လုပ်ရပ်များကို ပြင်းထန်စွာ ရှုံ့ချရန် အာဆီယံကို တိုက်တွန်း တောင်းဆိုခဲ့သည်။

 

ကိုးကား - Reuters

ပုံစာ - မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim (Photo: Aaron Favila/Pool via REUTERS/File Photo)

 

 Burma Associated Press

malaysia
ASEAN

Share With
bap-logo