bap-logo
Politics

အရေးပေါ်ရိက္ခာ မက်ထရစ်တန် တစ်ထောင်ကျော်သိုလှောင်ထားသည့် ဂိုဒေါင်ဖောက်ထွင်း မီးရှို့ခံရမှု WFP ရှုတ်ချ

A0EBUb9Uu9FD3hf7Hy0cW-image

လွန်ခဲ့သော တစ်နှစ် က

ဇွန် ၂၆။

 

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့ရှိ သိုလှောင်ရုံအား ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ခြင်းလုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချသည်ဟု ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ကဆိုသည်။

 

ပြီးခဲ့သည့် စနေနေ့က ဖောက်ထွင်းမီးရှို့ခံရသည့် သိုလှောင်ရုံတွင် လူဦးရေ ၆၄,၀၀၀ အတွက် တစ်လစာဖူလုံစေမည့် အရေးပေါ်ကယ်ဆယ်ရေးရိက္ခာများ စုစုပေါင်း ,၁၇၅ မက်ထရစ်တန်ကို သိုလှောင်ထားခဲ့သည်ဟု WFP ကဆိုသည်။

 

မောင်တောမြို့ရှိ စားနပ်ရိက္ခာနှင့် အခြားကုန်ပစ္စည်းများကို လုယူခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးခြင်းသည် WFP ကူညီထောက်ပံ့ရေး ကြိုးပမ်းမှုများကို ထိခိုက်ပျက်ယွင်းစေပြီး ထိုလုပ်ရပ်များကို ချက်ချင်းရပ်တန့်ရမည်ဖြစ်သည်ဟုလည်း WFP က ပြောသည်။

 

ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူအဖွဲ့များအားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဆိုင်ရာဥပ‌ဒေပါ တာဝန်ဝတ္တရားများကို လိုက်နာကြရန် WFP က တောင်းဆိုသည်။

 

ထို့အပြင် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့် အဆောက်အဦများကို လေးစားပြီး ကာကွယ်စောင့်‌ရှောက်ရမည်ဖြစ်ကာ၊ အကူအညီအရေးတကြီးလိုအပ်နေသူများထံ အရေးပေါ် ကယ်ဆယ်ရေးအကူအညီများကို ဘေးကင်းလုံခြုံစွာ အတားအဆီးမရှိ သွားရောက် ပေးအပ်ခွင့် ရနိုင်စေရန် လုပ်ဆောင်ရမည်ဟုလည်း ဆိုသည်။

 

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုးမြင့်လာသည့် ပဋိပက္ခများကြောင့် WFP ဝန်ထမ်းများ မေလနှောင်းပိုင်းမှစ၍ မောင်တောသိုလှောင်ရုံထံသို့ သွားရောက်နိုင်ခြင်း မရှိကြောင်းသိရသည်။

 

အဆိုပါအဖြစ်အပျက်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို WFP က ဆက်လက်စုဆောင်းလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

 

ပုံစာ- ၂၀၁၃ ခုနှစ်က ဆိုင်ကလုန်းမုန်တိုင်း မဟာစင်ရခိုင်ပြည်နယ်သို့ဝင်ရောက်စဉ် WFP ထောက်ပံ့မှုတစ်ခု (ဓာတ်ပုံ- WFP)

 

Burma Associated Press

World Food Programme
Rakhine
Maungdaw
refugee

Share With
bap-logo