bap-logo
Politics

ကိုးကန့် ဒေသ ဦးစီးအဖွဲ့ ဥက္ကဌကို တာဝန်မှရပ်စဲကာ ဗိုလ်မှူးချုပ် တစ်ယောက်ကို စစ်ကောင်စီအစားထိုး

y2dyxPBHH6215vf7jzWGf-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၁၆။

 

စစ်ကောင်စီသည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ကို တာဝန်မှရပ်စဲကာ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်ဆိုသူအား ခေတ္တ ဥက္ကဌအဖြစ် ခန့်အပ်သည်ဟု ထုတ်ပြန်သည်။

 

ထို့အပြင် စစ်ကောင်စီသည် တရုတ်က အလိုရှိနေသည့် ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်ဟောင်း ကိုးကန့် သူဌေး မြီရှောက်ချန်းအပါအဝင်() ဦးကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးကပါ ဖမ်းဝရမ်း ထုတ်ခဲ့သည်။

 

တရုတ် - မြန်မာ နယ်စပ်ရှိ Online လိမ်လည်မှုများ နှင့်ဆက်စပ်ရာဇဝတ်မှု များတွင် ပါဝင် ပတ်သက်မှုဖြင့် တရုတ်က ဖမ်းဝရမ်းထုတ်ခြင်း ခံထားရသည့် ကိုးကန့် လူချမ်းသာစာရင်း မြီရှောက်ချမ်းနှင့် သား၊ သမီး မြေးတို့ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးကပါ ဖမ်းဝရမ်းထုတ် လိုက်ခြင်းဖြစ်သည်။

 

မြီရှောက်ချန်းနှင့် ၎င်း၏မိသားစုဝင် () ဦးကို တရုတ်ပြည်သူ့ရေးရာ လုံခြုံရေး ဝန်ကြီးဌာနကလည်း နိုဝင်ဘာ (၁၅) ရက်က ဖမ်းဝရမ်း ထုတ်ထားပြီး သတင်းပေးသူများကို ယွမ် () သိန်းမှ ()သိန်း အထိချီးမြှင့်မည်ဟု တရုတ်ဘက်က ဆုကြေး‌ထုတ်ထားခြင်းဖြစ်သည်။

 

ဖမ်းဝရမ်းထုတ်ခံရသည့် မြီရှောက်ချန်းသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကြံ့ခိုင်ရေးပါတီ လွှတ်တော် အမတ်ဟောင်း ဖြစ်ပြီး သားဖြစ်သူ မြီကော့်ဖျင်း၊ သမီး မြီကျွီးလန့်နှင့် မြေးဖြစ်သူ မြီကျိမ်းကျိမ်းတို့လည်း ပါဝင်နေခြင်း ဖြစ်သည်။

 

Burma Associated Press

Kokang
USDP
SAC
warrant

Share With
bap-logo