bap-logo
Politics

ဂုတ်တွင်းတံတားအခြေအနေသွားကြည့်တဲ့ အင်ဂျင်နီယာနှစ်ဦး မိုင်းထိ

Jhw4bFWsu9b3mlP2oDVqW-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၁၅။

 

မိုင်းခွဲခံရလို့ပျက်စီးသွားတဲ့ ဂုတ်တွင်းတံတားရဲ့အခြေအနေကိုကြည့်ဖို့သွားတဲ့ လမ်းအင်ဂျင်နီယာနှစ်ဦး မိုင်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ ကျေက်မဲမြို့ခံအချို့ဆီက သိရပါတယ်။

 

"ကုမ္ပဏီ က SAE နဲ့ လမ်းပိုင်းတာ ဝန်ခံတို့သွားကြည့်တဲ့အခါ တိုက်မိုင်း ကွဲပြီး SAE ဒဏ်ရာရ၊ လမ်းပိုင်း တာဝန်ခံခြေထောက်မှာ ဒဏ်ရာရတယ်"လို့ ကျောက်မဲဒေသခံတဦးက ပြောပါတယ်။

 

ဒဏ်ရာရရှိသူနှစ်ဦးမှာ တစ်ဦးက ဦးခေါင်းဒဏ်ရာရှိပြီး၊ တစ်ဦးက ခြေထောက် ဖြတ်ရတယ်ဆိုပြီး မြို့ခံတွေက ပြောပါတယ်။

 

ဒီလောက်တိုက်ပွဲတွေဖြစ်နေတာ သူတို့ကိုလာကြည့်ခိုင်းတဲ့ ကုမ္ပဏီမှာ တာဝန်အပြည့်ရှိတယ်" လို့ ကျောက်မဲ ဒေသခံ တစ်ဦးက ပြောပါတယ်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်နဲ့နောင်ချိုမြို့နယ်အကြားရှိ ဂုတ်တွင်းလမ်းပိုင်းတွေကို Oriental Highway Co.ltd က တာဝန်ယူထားတယ်လို့ သိရပါတယ်။

 

ကုမ္ပဏီဝန်ထမ်းနှစ်ဦး ဒဏ်ရာရတဲ့သတင်းနဲ့ ပတ်သက်ပြီးကုမ္ပဏီဘက်က ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

 

ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း တံတားအနီးဝန်းကျင်မှာ ဒီရက်ပိုင်းအတွင်းတိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

 

ညီနောင်မဟာမိတ် () ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် - MNDAA တအောင်း TNLA ရက္ခိုင် AA တို့ဦးဆောင်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဆောင်ရွက်နေတဲ့ "၁၀၂၇ စစ်ဆင်ရေး"ဆင်နွဲနေတဲ့ကာလမှာ မလိုအပ်ဘဲ ခရီးမသွားဖို့ တားမြစ်ထားပါတယ်။

 

ဓာတ်ပုံ - လူမှုကွန်ရက်

 

Burma Associated Press

SAC
The Goteik Viaduct
Shan
Engineer
mine

Share With
bap-logo