bap-logo
Data

PDF ၆၀၀ ကျော် လက်ကိုင်လမ်းစဉ်ကို စွန်လွှတ်ခဲ့ပြီးဟု စစ်ကောင်စီဆိုလာ

y-GQ7O4yk-aJ0i974WhDW-image

လွန်ခဲ့သော ၂ နှစ် က

ရန်ကုန်၊ အောက်တိုဘာ ၁၄။

 

 

အာဏာသိမ်းပြီးချန်မှ ယခုနှစ်အောက်တိုဘာလ ၅ ရက်အထိ ပြည်သူ့ ကာကွယ်ရေးတပ်မတော်- PDF တပ်ဖွဲ့ဝင် ၆၆၇ ဦး တို့သည် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ခဲ့ပြီး မိသားစုနှင့် ပေါင်းစည်းခဲ့ပြီး ဖြစ်သည်ဟု စစ်ကောင်စီဘက်က ဆိုလာသည်။

 

 

ကုလသမဂ္ဂမဟာမင်းကြီး၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာကို စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကန့်ကွက်သည့် စာတွင် ထိုသို့ဖော်ပြ လာခြင်း ဖြစ်သည်။

 

 

NUG နှင့် PDF အုပ်စုများကကျူးလွန်သည့် ရာဇဝတ်မှုများကို မဟာမင်းကြီး၏ အစီရင်ခံစာတွင် သိသာစွာ လျှော့ပေါ့ဖော်ပြခဲ့သည်ဟုလည်း စစ်ကောင်စီက စွပ်စွဲခဲ့သည်။

 

 

ယင်းတို့အနေဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် (၂၂)ကြိမ် ထုတ်ပြန် ခဲ့ပြီး အကျဉ်းသား/သူ စုစုပေါင်း ၇၆,၂၃ဝ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်း သာခွင့် ပြုခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

 

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘက်ပြောင်းလာသည့် တပ်မတော်သား ၃,၂၃၅ ဦး၊ ရဲတပ်သား ၁၀,၅၃၆ ဦး ရှိပြီး စိစစ်ဆဲ တပ်မတော်သားနှင့် ရဲတပ်သားများပါဝင်ပါက စုစုပေါင်း ၁၄,၀၀၀ ကျော်ရှိမည်ဟု MODက PDF ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် အစီရင်ခံစာတွင် ခန့်မှန်းထားသည်။

 

 

ပုံစာ - စစ်ကောင်စီဂါဒဖြန့်စာမျက်နှာတွင်ဖော်ပြထားသည့် PDF အချို့ ဥပဒေဘောင်အတွင်း ဝင်ရောက် ခဲ့သည်ဆိုသည့်ပုံ

 

Burma Associated Press

 

PDF
Junta

Share With
bap-logo